ပြုံး​ရောင်​ဟပ်​မျက်​ဝန်​း ၁၃

2 0 0
                                    

Smile reflection eye (p 13)
(ပြုံး​ရောင်​ဟပ်​မျက်​ဝန်​း)

sing//
ကျွန်တော် သူ့ကို ပြုံးပြတာကို ပြန်တောင်မပြုံးပြဘူး ကျွန်တော့်ကို သူ မခေါ်ချင် မခင်ချင်လို့ နေမှာပါ။

သူ့ပုံစံလေးက တစ်မျိုးလေး ရုပ်ကလည်းချောတယ် အသားအရေလေးကလည်း လှတယ်
တွေ့တဲ့သူတိုင်း ချစ်ခင်ချင်စရာ ရုပ်လေး။ သူနဲ့ တွေ့လိုက်တိုင်း ကျွန်တော့်ကို သေချာကြည့်နေတတ်သည်။ သူ့ရဲ့အကြည့်တွေက ရင်ခုန်စရာကောင်းသည်။  ဒါပေမဲ့ ဘာကြောင့် ကြည့်နေလဲဆိုတာကိုတော့ မသိပေ။

fait ကိုသာ ခေါ်ပီး သူတို့ကို စကားမပြောလို့များ ကျွန်တော် ပြုံးပြတာကို ပြန်မပြုံးပြတာများလား။ နောက်တွေ့ရင် ခေါ်မယ်လို့ စဉ်းစားထားပါတယ် ဒါပေမဲ့ ကျွန်တော့်ရဲ့ အပြုံးတွေကို တုံ့ပြန်ခြင်​းမရှိတော့ မခေါ်ချင်လို့ပဲ နေမှာပါ။

ကျွန်တော် တွေးရင်းလျှောက်လာခဲ့သည်။ နာရီကြည့်လိုက်တော့ နည်းနည်းစောသေးတာနဲ့ ကျွန်တော်တို့ အခန်းကို မသွားပဲ အဆောင် ၁ ခန်းမဘက်ကို ပြန်လျှောက်လာခဲ့လိုက်သည်။ အဆောင် ၁ အဝင်ဝတွင် ခုံနဲ့ ထိုင်ပီး p'bem နဲ့ p'fon က ထိုင်စောင့်ကာ မဲကောက်နေလေသည်။ ကျွန်တော် ရောက်သွားတော့ p'bem က

''sing မဲလာပေးတာလား''

''မဟုတ်ပါဘူး p' ဘယ်သူတွေပါလဲ လာကြည့်တာ''

''အော် ပါပါတယ် ဒီနှစ် မဲပေးထားတာတော့ များတယ်ဟ''

p'fon က
''အော် နင့်nong လည်းပါတယ်နော် nem တို့ပြောတယ် oaujun က နင့်ရဲ့ nong ဆို''

''အင်း''

''အေး ငါတို့လည်း သူ့ကိုလည်း မဲပေးထားတယ်''

''ဟာ ဘာလို့ပေးတာလဲ နေပါစေ''

''ဟဲ့ ဘာလဲ နင့်လို မရွေးခိုင်းပဲ နေမလို့လား''

p'bem က
''သူလည်း ပျော်ချင်မှာပေါ့''

''မရရင်  ရှက်စရာကြီး''

''နင်ကလည်း အဲဒါကြောင့် နင်တက်မရွေးတာမလား''

''အင်း အော် p' ဟိုလေ ရွေးတဲ့ထဲမှာ kit ဆိုတာပါလား''

p'fon က
''kit မပါလောက်ဘူးနော် မကြားဖူးဘူး နေဦး ကြည့်လိုက်ဦးမယ်''

ပြုံးရောင်ဟပ်မျက်ဝန်း (Unicode)Where stories live. Discover now