ပြုံး​ေ​ရာင်ဟပ်​မျက်​ဝန်​း - ၁၀၅

4 2 0
                                    

Smile reflection eye (P 105)
(ပြုံး​ေ​ရာင်ဟပ်​မျက်​ဝန်​း)

sing//
ကျွန်တော် အခန်းထဲရောက်တော့ off က သေချာကြည့်ပီး

''ဘာလို့ နောက်ကျတာလဲ မျက်နှာလည်း မကောင်းပါလား''

''kit မိဘတွေ ငါတို့ အကြောင်းကို သိသွားပီ''

''ဟုတ်လား မင်းကို ဘာပြောသေးလဲ''

''ငါ့ကိုတော့ မပြောဘူး kit ကို ပြောတာ''

''ဘာပြောတာလဲ''

''ငါနဲ့ မတွေ့နဲ့တဲ့ အဆက်ဖျက်တဲ့ ရှေ့ဆက်တိုးရင် သူ့ကို ကျောင်းထုတ်ပီး သူ့အဘွားဆီ ပို့မယ်တဲ့''

''ဝါး ရာဇဒဏ်က ပြင်းလိုက်တာ''

may က
''ဒါဆို နင်တို့ ဘယ်လိုလုပ်မလဲ''

''မသိဘူး အခုတော့ မစဉ်းစားတတ်ဘူး''

''အေ့လေ သေချာစဉ်းစားပေါ့ ဒါနဲ့ နင့်မိဘတွေရော သိပီလား''

''မသိသေးဘူး''

nem က
''အင်း နင့်မိဘတွေပါ သိရင် ပိုဆိုးပီ''

''အင်း''

ကျွန်တော် ခေါင်းညိတ်ပြပီး ငြိမ်နေလိုက်သည်။ ခဏနေတော့ ဆရာဝင်လာလို့ စာသင်လိုက်သည်။

kit//
နေ့ခင်း ထမင်းစားချိန်ရောက်တော့ ကျွန်တော်တို့ကင်တင်းဘက်ကို ထွက်လာခဲ့သည်။ ဆိုင်ထဲကို ဝေ့ကြည့်တော့ p'sing ကို မတွေ့ပေ။ ဒါနဲ့ ကျွန်တော်တို့ လွတ်တဲ့ခုံမှာ ဝင်ထိုင်ပီး စားစရာတွေ မှာလိုက်သည်။ ပီးတော့ ကျွန်တော်တို့ စောင့်နေတုံး oaujun က

''kit မနက်က p' ပြောလို့ ငါတို့ သိပီးပီ''

''အင်း''

"မင်းတို့ ဘယ်လိုလုပ်မလဲ''

''မသိဘူးကွာ ငါတို့ တွေ့တဲ့အချိန်က ဒီ ထမင်းစားချိန်က လွဲပီး အချိန်မရှိတော့ဘူး''

''အေ့လေ p' က ဒီနေ့မှ နောက်ကျနေတယ်''

mari က
''အေ့လေ''

သူတို့က အပေါက်ဝကို ကြည့်ပီး ပြောနေသည်။ ကျွန်တော်လည်း လှမ်းကြည့်လိုက်သည်။ p' မလာသေပေ။ fait က

''par က မင်းကို အလွတ်ပေးမှာ မဟုတ်ဘူး ဖုန်းပြောတာလည်း သတိထား ဖုန်းပါသိမ်းသွားလို့ အဆက်သွယ်ပျက်မယ်''

ပြုံးရောင်ဟပ်မျက်ဝန်း (Unicode)Where stories live. Discover now