ပြုံး​ရောင်​ဟပ်​မျက်​ဝန်​း ၉၇

0 0 0
                                    

Smile reflection eye (P 97)
(ပြုံး​ရောင်​ဟပ်​မျက်​ဝန်​း)

"မပြန်​​သေးဘူး​လေ p' yarch ကို သွားကူလိုက်​မယ်​​လေ''

"အင်​း ​ကောင်​းတာပဲ''

sing//
ကျွန်တော်တို့ library ခန်းသို့ လျှောက်လာခဲ့သည်။ library ခန်းရောက်တော့ p'deer ကိုသာ တွေ့သည်။ ဒါနဲ့ ကျွန်တော်တို့ p'deer အနားလျှောက်သွားပီး

''p'deer yarch ရော''

''ပြန်သွားပီလေး မင်းတို့ဆီက ထွက်လာတည်းက ပြန်သွားတာ''

''အော် ဟုတ်လား''

''အင်း ဘယ်လိုလဲ ပြန်အဆင်ပြေသွားပီပေါ့''

''အင်း''

p'deer က kit ကို ကြည့်ပီး မေးလိုက်တော့ သူက ပြုံးစိစိလေးနဲ့ခေါင်းညိတ်လိုက်သည်။ ကျွန်တော် သူ့ကို လှမ်းကြည့်​လိုက်သည်။ သူက ပြုံးရင်း မေးဆပ်ပြသည်။ ဒါနဲ့ ကျွန်တော်က

''ငိုရတာ ပင်ပန်းသွားပီလား''

''p' တော်ပီကွာ မပြောနဲ့တော့''

p'deer က
''အေ့လေ sing ရယ် မင်းတို့ကစနောက်တော့ ကလေးက အပီအပြင် ခံစားသွားတာပေါ့''

''အိုး p' မစပါနဲ့တော့''

''ဟင်း ဟင်း အေးပါ အေးပါ''

''ဟင်း ဟင်း''

p'deer စတာကို သူက မျက်နှာလေး မဲ့ပီး တားလိုက်တော့ p'deer က ရယ်ရင်း ပြောလိုက်သည်​။ ကျွန်တော်ပါလိုက်ရယ်​နေမိသည်။ ဒါကို သူက ရယ်နေရင်းမှ မျက်နှာတည်လိုက်ပီး ကျွန်​​တော်​့ဘက်​လှည်​့ကာ

''မရယ်နဲ့''

''အော''

ကျွန်တော်လည်း မျက်လုံးလေးပြူးကာ အံ့သြတဲ့ပုံလေးလုပ်ပြတော့ သူက ပြုံးနေသည်။ ဒီတော့ p'deer က

''ထိုင်လေ''

ကျွန်တော်က
''မထိုင်တော့ဘူး p' ကျွန်တော်တို့ ပြန်တော့မှာ''

''အော် ဒါနဲ့ sing မင်း အဆောင်မနေတော့ဘူးလား''

''ကျွန်တော်လား အခုမနေဖြစ်သေးဘူး''

''ဘာလို့လဲ မင်းမိဘတွေ မနေခိုင်းလို့လား''

''မိဘတွေကြောင့် မဟုတ်ပါဘူး သူ့ကြောင့်လေ''

ပြုံးရောင်ဟပ်မျက်ဝန်း (Unicode)Where stories live. Discover now