ပြုံး​ရောင်​ဟပ်​မျက်​ဝန်​း ၈၉

2 1 0
                                    

Smile reflection eye (P 89)
(ပြုံး​ရောင်​ဟပ်​မျက်​ဝန်​း)

''အမလေး ကြောက်စရာကြီး''

''ဟင်း ဟင်း''

ကျွန်တော်က ကြောက်တဲ့ ပုံစံလုပ်ပြတော့မှ မျက်နှာက ပြုံးရွှင်နေသည်။ ကျွန်တော် သူရယ်နေတာကို သေချာ ကြည့်နေလိုက်သည်။ အဲအချိန်မှာ အနောက်မှ mom က ​ရောက်​လာပီး

''ဘာတွေကြောက်ပီး ဘာတွေ ရယ်နေတာလဲ''

kit က
''p'sing က ပြန်မယ်ပြောလို့ အခန်းထဲပိတ်ပီး ပြန်ပေးဆွဲမယ်ပြောလိုက်တာပါ''

''အော် သားက ပြန်တော့မလို့လား''

''ဟုတ်''

''နေပါဦးသားရဲ့ ​ထမင်​းစားပီးမှပြန်ပေါ့ mom ထမင်းချက်လိုက်ဦးမယ် ''

''မစားတော့ပါဘူး mom ရဲ့ အားနာစရာကြီး သား ပြန်တော့မှာ''

''အော mom တို့က အားနာရမှာ တစ်ချိန်လုံး အိမ်စောင့်ပေးတာပဲ ကျေးဇူးတင်နေတာ စားသွားပါ ''

''mom က ခရီးပန်းလာတာ ဒုက္ခပေးသလိုဖြစ်နေပီ''

''မဖြစ်ပါဘူး mom တို့စားဖို့လည်း ချက်ကမှာပဲဟာ သား စာလုပ်စရာရှိလို့လား''

''မရှိပါဘူး mom''

''ဒါဆို အေးအေးဆေးဆေးပေါ့ mom လည်း ကျေးဇူးပြန်ဆပ်ရတာပေါ့''

''နေဆိုနေပါ့မယ် mom ရယ် ကျေးဇူးတော့မတင်ပါနဲ့ ရပါတယ်''

''အေးပါ အေးပါ အေးအေးဆေးဆေးနေ mom ပီးရင် ခေါ်လိုက်မယ်''

''ဟုတ်''

ကျွန်တော်တို့ မနက်​စာစားသောက်ပီး အပေါ်သို့တက်လာခဲ့သည်။ သူ့အခန်းထဲတွင် ဖုန်းနဲ့ စက်ဘီးသော့ယူဖို့ တက်လာခဲ့သည်။ သူကပါ လိုက်လာသည်။ ပီးတော့ အနောက်ကနေ သူက

''မပြန်ဘူးဆို''

''mom ကို အားနာလို့ ပြန်ရင် ကောင်းမလားလို့''

''ဒါဆို mom ကို သွားတိုင်မယ် မနေဘူးလို့''

''ဝိတ် မတိုင်နဲ့''

သူက ပြောပီးလှည့်ထွက်ဖို့လုပ်တော့ ကျွန်တော်က သူ့လက်မောင်းကို လှမ်းဆွဲလိုက်သည်။ ဒါကို သူက ပြန်လှည့်လာပီး

ပြုံးရောင်ဟပ်မျက်ဝန်း (Unicode)Where stories live. Discover now