ပြုံး​ရောင်​ဟပ်​မျက်​ဝန်​း ၄၉

3 1 0
                                    

Smile reflection eye (p 49)
(ပြုံး​ရောင်​ဟပ်​မျက်​ဝန်​း)

''kit ငါနဲ့ ထမင်းစားမယ် လာလေ''

''မစားတော့ဘူး ငါ သွားတော့မှာ''

sing//
oaujun ပြောမှ သူ ထမင်းမစားရသေးမှန်းသိတော့သည်။ ဘာမှလည်း ဧည့်မခံရသေးပေ။ ဒါနဲ့ ကျွန်တော်က

''အောင်း... ထမင်းမစားရသေးဘူးလား ကိုယ် ဘာမှတောင် ဧည့်မခံလိုက်ရဘူး''

သူက
''ရတယ် p' ကျွန်တော် မဆာသေးလို့''

oaujun က
''p' ကလည်း ဒီလောက်ကြာနေတာ မုန့်လေးဘာလေး သွားမယူပေးဘူး''

''အေး သူ့မျက်နှာကြည့်ပီး ငါလည်း မေ့နေတာ''

''အမ်း''

''အာ''

ကျွန်တော်က လွှတ်ခနဲပြောလိုက်တော့ oaujun က ကြောင်သွားသည်။ kit က ရှက်သွားပီး မျက်လုံးလေးပြူးပီး ကျွန်တော့် ပခုံးကို လှမ်းပုတ်သည်။
oaujun က
''သူ့မျက်နှာကြည့်နေတာ ဟုတ်လား''

ကျွန်တော်က သူရှက်နေလို့ ထပ်မပြောတော့ပဲ
''ဘာမှမဟုတ်ပါဘူး နောက်တာ သွားစားလေ လာ kit ကိုယ်တော့ စားပီးပီး လိုက်ခဲ့ပေးမယ်''

''အာ မစားတော့ဘူး p' ပြန်တော့မယ်''

''ဒါဆို ကိုယ်လိုက်ပို့မယ်''

''ကျွန်တော့်မှာ စက်ဘီးပါတယ်''

''သိပါတယ် လာပါ''

ကျွန်တော်တို့ အခန်းထဲမှ ထွက်လာသည်။ ပီးတော့ p'jane အခန်းနားရောက်တော့ ကျွန်တော်က

''kit လာ p' နဲ့ မိတ်ဆက်ပေးမယ်''

ကျွန်တော် အဲလိုပြောလိုက်တော့ oaujun က ရှေ့မှလျှောက်ရင်း ရပ်သွားသည်။ ပီးတော့ kit က ကျွန်တော့်ကို လှမ်းကြည့်ပီး အခန်းထဲလက်ညှိုးထိုးပြသည်။ ဒါနဲ့ ကျွန်တော်က ပြုံးရင်း ခေါင်းညိတ်ပြလိုက်သည်။ ပီးတော့ ကျွန်တော်တို့ အခန်းထဲဝင်တော့ p'jane က ကုတင်ပေါ်တွင် ထိုင်ကာ စာဖတ်နေသည်။ ကျွန်တော်က

''p' ကျွန်တော့်ကို ကားသော့ ခဏပေး''

''ယူသွားလေ ဘယ်သွားမလို့လဲ''

''ဒီမှာလေ ဧည့်သည်လိုက်ပို့ဖို့''

အဲတော့မှ ကျွန်တော့်အနောက်က သူ့ကို လှမ်းကြည့်ပီး

ပြုံးရောင်ဟပ်မျက်ဝန်း (Unicode)Where stories live. Discover now