ပြုံး​ရောင်​ဟပ်​မျက်​ဝန်​း ၈၂

1 0 0
                                    

Smile reflection eye (P 82)
(ပြုံး​ရောင်​ဟပ်​မျက်​ဝန်​း)

''ဟင်း ဟင်း ကိုယ်ကချစ်တာကို နေချင်တာပေါ့''

''အွန်း တတ်လည်း တတ်နိုင်တယ်''

''ကိုယ်နဲ့ မနေချင်ဘူးလား''

''မနေချင်ပါဘူး''

''ဟာ ကိုယ့်ကို မချစ်ဘူးလား''

''မချစ်ပါဘူး''

''ဒါဆို မင်း ကိုယ့်ကို ချစ်တယ်လို့လိမ်ပြောပီး ဖျားယောင်းနေတာလား''

''ဖျားယောင်းရအောင ်သူက ကလေးကျနေတာပဲ''

sing//
သူက နောက်ဟင်းအိုးတွေ အရည်ဟင်းချိုတွေကို ဆက်နွှေးနေသည်။ ကျွန်တော်လည်း ဘေးနားတွင် ရပ်ရင်းပြောနေလိုက်သည်။ သူပြောတဲ့စကားကြောင့် ကျွန်တော်က သူ့မျက်နှာကို တည့်တည့်ကြည့်လိုက်ပီး

''မင်း ဖျားယောင်းနေလို့ ကိုယ်က မင်းမှမင်းဖြစ်နေတာလေ''

''အွန်း''

သူက နှုတ်ခမ်းလေးဆူပီး လုပ်ပြတော့ ကျွန်တော်က

''မင်းကလေ တော်တော်ချစ်ဖို့ကောင်းတာပဲ''

''အခုမှ သိလား''

''ချစ်''

''ဟင်...''

kit//
သူက ချစ်လို့ခေါ်တော့ ကျွန်တော်လည်း မီးဖိုပိတ်ပီး သံစွဲဖြင့် ထူးလိုက်သည်။ သူက

''ချစ်က အခုလိုလုပ်နေတာလေးက မသိရင်​ ကို်ယ်တို့အတူတူ​နေ​နေရသလိုပဲ ​နော်​''

''အာ ဘာတွေပြောနေတာလဲ အခုအတူတူ​နေတာပဲကို''

''ဟုတ်တယ်လေ ကိုယ်​ ​ပြောတာက ကိုယ်​တို့နှစ်​​ယောက်​ ယူပီး အတူတူ​နေတာနဲ့တူတယ်​လို့''

''ပေါက်ကရမပြောနဲ့ ထမင်းစားမယ်''

''အင်း''

ကျွန်တော်က သူဆေးထားတဲ့ ပန်းကန်ကို လှမ်းယူတော့ သူက ပန်းကန်တွေကို ယူကာ လှမ်းပေးသည်။ ကျွန်တော်လည်း ဟင်းတွေကို ခပ်ထည့်ပီး သူ့ကို လှမ်းပေးတော့ သူက စားပွဲပေါ်တင်လိုက်သည်။ ပီးတော့ သူက ထမင်းပန်းကန်ကို ယူပီး ပေါင်းအိုးဖွင့်၍ ထမင်းခူးနေသည်။ ဒီ​တော့ ကျွန်တော်တို့ စားပွဲတွင် မျက်နှာချင်းဆိုင်ဝင်ထိုင်ပီး စတင်စားလိုက်ကြသည်။ ကျွန်တော်တို့ စားနေတုံး သူက ထမင်းတစ်ဇွန်းခပ်ယူပီး ထမင်းပေါ် အသီးအရွက်နဲ့ အသားတင်ကာ ကျွန်တော် ပါးစပ်ဆီကို တိုးပေးသည်။ ဒါနဲ့ကျွန်တော်က

ပြုံးရောင်ဟပ်မျက်ဝန်း (Unicode)Where stories live. Discover now