ပြုံး​ရောင်​ဟပ်​မျက်​ဝန်​း ၆၁

2 1 0
                                    

Smile reflection eye (P 61)
(ပြုံး​ရောင်​ဟပ်​မျက်​ဝန်​း)

kit//
oaujun ပြောလိုက်တော့ ကျွန်တော် မိဘတွေကို သတိထားမိသည်။ ကျွန်တော့် မိဘတွေ လက်မခံရင် ဘယ်လို လုပ်ရမလဲ တွေးနေမိသည်။ ကျွန်တော် p'sing နဲ့ ဘယ်လိုမှ မဝေးနိုင်တော့ပေ။ ကျွန်တော် စိတ်ပူနေမိသည်။

ကျွန်တော်တို့ ကျောင်းပြန်ချိန်ရောက်တော့ p'sing စောင့်နေတာတွေ့တော့ oaujun က နှုတ်ဆက်လိုက်သည်​။ ကျွန်တော်တို့ ကျောင်းဝထိ ဆက်မလိုက်တော့ပေ p'sing က မုန့်ဝယ်မယ်ဆိုလို့လိုက်သွားလိုက်သည်။ ကျွန်တော် အနောက်ကနေသူ့ကို သေချာကြည့်နေမိသည်။ သူက လှည့်ကြည့်တော့ ကျွန်တော် စိတ်ပူနေတာကို သိမှာ စိုး၍ မသိသလိုလေး ရယ်ပြလိုက်သည်။

ကျွန်တော်တို့ မုန့်မှာနေတော့ ဘယ်လို ဖြေရှင်းရမလဲ စဉ်းစားနေမိသည်။ မှာတာတွေ ရတော့ မုန့်ယူပီး အပေါ်သို့ တက်လာခဲ့သည်။ အပေါ်ရောက်တော့ ကျွန်တော်တို့ ခုံတန်းတွင် ထိုင်စားလိုက်သည်။ p'sing ကတော့ ပြုံးရယ်ကာ ကြည့်နေသည်။ ကျွန်တော်က အပူတွေကြောင့် ရယ်ဖို့ကို ကြိုးစားရယ်နေရသည်။

ကျွန်တော်တို့ စားပီးတော့ p'sing က အမှိုက်တွေကို သိမ်းပီး အဝင်ဝ ထောင့်မှာ ထားသောအမှိုက်ပုံးသို့ သွားထည့်လိုက်သည် ပီးတော့ တစ်သျှူးနဲ့ ခုံတွေကို သုတ်နေသည်။ ကျွန်တော်ကတော့ သူ့ရဲ့ လှုပ်ရှားမှုတွေကို လိုက်ကြည့်နေလိုက်သည်။ ပီးတော့ p'sing က ကျွန်​​တော်​့ကိုလှမ်​းကြည်​့ပီး

''kit နေမကောင်းဘူးလား''

''​ကောင်​းပါတယ်​''

ကျွန်တော် ဖြေတာကို မယုံတဲ့ ပုံစံနဲ့ ကျွန်တော့် နဖူးမှ ဆံပင်တွေကို ဖယ်ပီး သူ့လက်ဖဝါးနဲ့ ကျွန်တော် နဖူးကို စမ်းလိုက်သည်။ ပီးတော့ သူက ကျွန်​​တော့ကို ​သေချာကြည်​့ပီး

''အဖျားတော့ မရှိပါဘူး''

သူက ပြောပီး သူ့ပေါင်ပေါ် လက်ချလိုက်တော့ ကျွန်တော် သူ့လက်ကို ဆွဲယူပီး သူ့ပေါင်ပေါ်ကို ခေါင်းတင်လှဲလိုက်သည်။ သူက ပြုံးကြည့်နေပီး ကျွန်တော့် ပါးလေးကို ညင်သာစွာ ပွတ်ပေးနေသည်။ ကျွန်တော်လည်း လှည်းနေရင်း သူ့ မျက်နှာလေးကို သေချာကြည့်နေလိုက်သည်။ အတန်ကြာတော့ သူက

ပြုံးရောင်ဟပ်မျက်ဝန်း (Unicode)Where stories live. Discover now