ပြုံး​ရောင်​ဟပ်​မျက်​ဝန်​း ၉၉

0 0 0
                                    

Smile reflection eye (P 99)
(ပြုံး​ရောင်​ဟပ်​မျက်​ဝန်​း)

"မ​ကြောက်​ဘူးလည်​း​ပြော​သေး တန်​း​ပြေး​တော့တာပဲ''

"ဘယ်​မှာ ​ပြေးလို့လဲ ဒီမှာရပ်​​နေတာ''

sing//
သူက လွယ်အိတ်ယူပီး အပေါက်ဝနားမှာ သွားရပ်သည်။ ကျွန်တော်တို့ စားသောက်ထားတဲ့ အမှိုက်ထုတ်ထဲကို အအေးဘူးခွံနှစ်ဘူးထည့်ရင်း သူ့ကို စလိုက်တော့ မျက်နှာမဲ့ကာ လှမ်းပြောသည်။ ကျွန်တော်ကလည်း မျက်နှာပြန်မဲ့ပြလိုက်သည်။ ကျွန်တော်လည်း ဝရံတာတံခါးတွေ ပိတ်လိုက်သည်။ ပီးတော့ အမှိုက်ထုတ်ကိုယူပီး  ခုံပေါ်တင်ထားတဲ့ လွယ်အိတ်ကို ယူကာ လက်တစ်ဖက်ထည့် လွယ်လိုက်သည်။ နောက်ပီး သော့ကို ယူလိုက်ပီး အပေါက်ဝကို ထွက်လာခဲ့သည်။ ဒါကို သူက

''ပေး အမှိုက်ထုတ် ''

''ရပါတယ်''

''ပေးပါ တံခါးပိတ်ရဦးမှာကို အထုတ်ကြီးနဲ့''

''အော ရော့''

ကျွန်တော် လှမ်းပေးပီး အခန်းထောင့်မှ မီးခလုတ်ပါ ပိတ်လိုက်သည်။ ပီးတော့ တံခါးပိတ်လိုက်သည်။ သူက ဘေးမှာရပ်စောင့်နေသည်။ ကျွန်တော်လည်း အမှိုက်ထုတ်ကို မယူသေးဘဲ လက်ထဲမှ သော့တန်နှစ်ချောင်းကို တစ်ချောင်းဖြုတ်လိုက်ပီး

''ရော့ ''

''ဘာလဲ''

သူက လှမ်းယူရင်း ထွက်လာပီးမေးတော့ ကျွန်တော်လည်း အနောက်ကလိုက်လာရင်း

''အလိုက်သိလို့ အခန်းသော့တစ်ချောင်းပေးတာ''

''ဟွန်း ဘာလုပ်ရမှာလဲ''

''သိမ်းထားလေ ဒီအခန်းက မင်းနဲ့လည်း ဆိုင်သွားပီလေ နေချင်လာနေပေါ့''

''မနေပါဘူး အိမ်ပိုင်ဆိုတစ်မျိုးပေါ့''

''မင်းလိုချင်ရင် ကို်ယ် အလုပ်လုပ်တဲ့အခါ ဆုပီး ဝယ်ပေးမှာပေါ့''

''အလကားစတာ ဟင်း ဟင်း''

''အင်းပါ''

သူက ပြောပီး ရယ်​လိုက်သည်။ ပီးတော့ ကျွန်တော့် လက်ထဲမှ သော့ကို သေချာကြည့်ပီးတော့

''အခု အခန်းသော့တွေက ၃ ချောင်းလာတာမလား''

''အင်းလေ''

ပြုံးရောင်ဟပ်မျက်ဝန်း (Unicode)Where stories live. Discover now