ပြုံး​ရောင်​ဟပ်​မျက်​ဝန်​း ၂၉

1 0 0
                                    

Smile reflection eye (p 29)
(ပြုံး​ရောင်​ဟပ်​မျက်​ဝန်​း)

sing//
ကျွန်တော် အောက်ဆင်းလာတော့ mom က အနောက်ခန်းထဲမှာ ဒါနဲ့ ကျွန်တော် ဝင်သွားပီး

''mom oaujun ပြန်လာပီလား''

''အေး လာပီလေ သူ့ အခန်းမှာ ထမင်းတောင်မစားဘူး ဟိုက စားလာတယ်တဲ့

''ဟာ သူများအိမ်မှာ အားမနာဘူးလားမသိဘူး''

''အရမ်းခင်တဲ့ သူငယ်ချင်းအိမ်လို့ ပြောတာပဲ ''

''ဟင်''

kit ကိုပြောတာလား  သူနဲ့ အရမ်းခင်သွားပီလား အေးပေါ့လေ အတန်းတူ အရွယ်တူဆိုတော့ ခင်မှာပေါ့လေ။ mom က ဖန်ခွက်ထဲနွားနို့ထည့်ရင်း

''mom က နွားနို့လာပို့ဖို့  သားလည်း တစ်ခါတည်းသောက်သွားလေ''

''ဟုတ် mom''

ကျွန်တော်က ဗန်းထဲက တစ်ခွက်ယူပီးထိုင်​​သောက်လိုက်သည်။ mom က ဗန်းယူပီးမလိုက်တော့ ကျွန်တော်က သောက်နေရင်းနဲ့
''mom သား ယူသွားပေးမယ်လေ''

''အေး ကောင်းတာပေါ့ ယူသွားလိုက်နော်''

''ဟုတ်''

ကျွန်တော်သောက်ပီးခွက်ကို စားပွဲ ပေါ်တင်လိုက်သည် ပီးတော့ ဗန်းယူကာ ထွက်လာခဲ့သည်။ p'jane ကို ဝင်ပေးပီး oaujun အခန်းထဲ ဝင်တော့ oaujun က ဖုန်းပြောနေသည်။ oaujun က

''ဒါဆို ဒါပဲလေ မင်း အိမ်ရောက်ပီလား လှမ်းမေးတာ''

''...''

''အေး အေး good night

''...''

''bye''

သူက ဖုန်းချလိုက်ပီး

''p' ဘာလဲ''

''မင်းကို နို့ပေးခိုင်းလို့ ''

''အော်''

''မင်း ဘာလို့ သူ့အိမ်လိုက်သွားတာလဲ''

''သူက ပွဲမှာ ဒရမ်​နဲ့ ဖျော်ဖြေဖို့ လေ့ကျင့်တာ လိုက်ကြည့်ပါဆိုလို့''

''အဲဒါနဲ့ သူများအိမ်မှာ ထမင်းပါစားခဲ့တယ်ပေါ့ အာမနားဘူးလား သူများအိမ်မှာ''

''မနာပါဘူး mom က အတင်းကျွေးတာ''

''ဘာ mom ''

''ဟုတ်တယ် kit mom က အတင်းကျွေးတာ''

ပြုံးရောင်ဟပ်မျက်ဝန်း (Unicode)Where stories live. Discover now