ပြုံး​ရောင်​ဟပ်​မျက်​ဝန်​း ၁၈

3 1 0
                                    

Smile reflection eye (p 18)
(ပြုံး​ရောင်​ဟပ်​မျက်​ဝန်​း)

kit//
ကျွန်တော် အတန်းထဲမှာ ထိုင်နေလိုက်သည်။ fait နဲ့ new က လိုက်မယ်ဆို၍ စောင့်နေလိုက်သည်။
ခဏနေတော့ သူတို့ရောက်လာ၍ ကျွန်တော်တို့ ထွက်လာခဲ့ကြသည်။ ကျွန်တော်တို့တွေ အခန်းအပြင်ရောက်တော့ oaujun က သူ့သူငယ်ချင်းနဲ့ သူ့ အခန်းဝမှာ ရပ်ပီး စကားပြောနေသည်။ ဒါနဲ့ fait က

''ဟာ oaujun မင်း ဓာတ်ပုံသွားမရိုက်ဘူးလား''

''အော် fait မင်းက ဒီကျောင်းလား''

''အေ့လေ ဒီအခန်း''

''ဟာ ဘေးချင်းတောင် မခေါ်ဘူး နေနိုင်လိုက်တာ''

''မင်းနဲ့ မတွေ့ဖြစ်လို့ပါ''

''မကောင်းတဲ့ ကောင်ကြီး ငါက တစ်ယောက်တည်းဆိုပီး ပျင်းနေတာ ဒီမှာလေ သူငယ်ချင်းရလို့တော်သေးတာ သူက web တဲ့''

''အေးပါ အော် ဒါနဲ့ မင်း vote အတွက် ဓာတ်ပုံမရိုက်ဘူးလား လာလေသွားမယ်''

''ငါက ရိုက်စရာမလိုတော့ဘူး''

''ဘာလို့လဲ''

''p'sing က မပြိုင်နဲ့တဲ့ krist က first တဲ့ ငါက second ဆိုတော့ ပြိုင်မနေနဲ့တော့တဲ့  မရရင် ရှက်စရာကြီးပြောလို့ ''

''ဟာ ဘာဆိုင်လဲ ရရင်ရမှာပဲကို''

''ငါလည်း အရှက်ရမှာစိုးလို့မပြိုင်တော့တာ''

''ဟာ''

သူက အဲလိုပြောတော့ ကျွန်တော် အားနာသွားမိသည်။ ဒါနဲ့ ကျွန်တော်က

''အားနာပါတယ်ကွာ ကျွန်တော့်ကြောင့် ဒီလိုဖြစ်သွားတာ''

သူကကျွန်တော့်ကို သေချာကြည့်လိုက်ပီး

''အော် မင်းက krist နော်''

''ဟုတ်တယ်လေ''

''ရပါတယ် အားမနာနဲ့ ငါလည်း မပြိုင်ချင်လို့ပါ မင်း အနှောင့်အယှက်ဖြစ်နေမှာပေါ့''

''အာ မဖြစ်ပါဘူး လာ သွားရိုက်မယ် ကျွန်တော်နဲ့ အတူတူ ဝင်ပြိုင်တာပေါ့''

''အမလေး မလုပ်ပါနဲ့ ငါ ခုနက သွားပယ်လိုက်ပီ ငါ့ကို p' ပြောလိမ့်မယ် သွား သွား အားမနာနဲ့''

ပြုံးရောင်ဟပ်မျက်ဝန်း (Unicode)Where stories live. Discover now