ပြုံး​ရောင်​ဟပ်​မျက်​ဝန်​း ၇၈

1 0 0
                                    

Smile reflection eye (P 78)
(ပြုံး​ရောင်​ဟပ်​မျက်​ဝန်​း)

''ရှာမနေနဲ့ ခုနကလေးတင် ထွက်သွားပီ နင့်ကို မေးသွားတယ်''

''ဟုတ်လား''

''အင်း ဆရာမ ခိုင်းလို့ ပါသွားတယ်ပြောလိုက်တယ်''

''အင်း''

ကျွန်တော်တို့လည်း စားစရာတွေ မှာပီး စားနေလိုက်သည်။

kit//
ကျွန်တော်တို့ ထမင်းစားချိန်ရောက်တော့ ကင်းတင်းဘက်ကို လာပီး ထမင်းစားနေတုံး p'may နဲ့ p'nem ရယ် p'yarch တို့ပဲ ရောက်လာသည်။ ကျွန်တော်တို့ ဘေးခုံတွင်ဝင်ထိုင်တော့ p'sing ရောလို့ မေးလိုက်တာကို ဆရာမခိုင်းလို့ပါသွားတယ်တဲ့ ကျွန်တော်တို့လည်း စားပီးတာနဲ့ နှုတ်ဆက်ပီးထွက်လာခဲ့သည်။

သူတို့ project ရော မပီး​သေးဘူးလားမသိဘူး ဒီနေ့လည်း oaujun တို့နဲ့ ပဲ ပြန်ရမယ်ထင်တယ် ကျွန်တော်လည်းတွေးရင်း လျှောက်လာခဲ့သည်။ အတန်းထဲရောက်တော့ ခုံမှာ ဝင်ထိုင်နေလိုက်သည်။ ခဏနေတော့ ဆရာ ရောက်လာ၍ စာသင်လိုက်သည်။

ညနေကျောင်းဆင်းချိန်ရောက်တော့ p'sing ကို မတွေ့ပေ။ ဒါနဲ့ oaujun တို့နဲ့သာ ပြန်ခဲ့ရသည်။

sing//
ညနေ ပြန်ချိန်ရောက်လာတော့ ကျွန်တော်က

''off မင်းတို့ဘာသာ သွားလို့မရဘူးလား'

''မရဘူးကွာ''

''မင်းကလည်း''

''ဘာ မင်းကလည်းလဲ မင်းတာဝန်
မဲ့ စကားမပြောနဲ့နော်''

''အေးပါ တော်ပီ ငါ့ဘာသာ နောက်နေ့မှ အဝတွေ့တော့မယ်''

may က
''နင်ကလည်း ကဲပါတယ် '

''ကဲမှာပေါ့ ချစ်တာကိုး''

''အမလေး''

May နဲ့ nem က ပြိုင်​တူ​အော်​လိုက်​သည်​။ ကျွန်​​တော်​လည်​း ရယ်​​နေလိုက်​သည်​။ ကျွန်တော်တို့ library ကို လျှောက်လာခဲ့သည်။ ကျွန်တော် အနောက်ကနေ လျှောက်လာရင်း kit ကို ဖုန်းခေါ်လိုက်သည်။ တစ်ဖက်မှ

''p'sing''

''ချစ် ဘယ်မှာလဲ''

''အိမ်ပြန်တဲ့ ကားပေါ်မှာ''

''အော်''

''ဘာလို့လဲ p'...''

''ဘာမှမဟုတ်ပါဘူး မေးကြည့်တာ''

ပြုံးရောင်ဟပ်မျက်ဝန်း (Unicode)Where stories live. Discover now