ပြုံး​ရောင်​ဟပ်​မျက်​ဝန်​း ၅၈

1 0 0
                                    

Smile reflection eye (P 58)
(ပြုံး​ရောင်​ဟပ်​မျက်​ဝန်​း)

kit//
သူက ရယ်ရင်း ကျွန်တော့်ကို လှမ်းဖက်တော့ ကျွန်တော်လည်း ရယ်နေလိုက်သည်။ သူက

''မနေ့က နမ်းတုံးကတော့ ဘေးတွေသတိမထားပဲ အခုကျတော့ ဘာလို့ ဘေးဖက်တွေလိုက်ကြည့်နေ တာလဲ''

''မနေ့က မှောင်နေပီလေ လူတွေ မရှိဘူးလေ အခုက ကျောင်းဆင်းကာစ လူတွေ သွားလာနေတုံး တချို့လေညင်းခံတဲ့သူတွေ ဒီအပေါ်ရောက်နေရင် ဘယ်လိုလုပ်မလဲ''

''အော် ဒီလိုလား ကိုယ်တက်လာထဲက ကြည့်တာ ဘယ်သူမှ မတွေ့ပါဘူး''

''အင်း အဲဒါကြောင့် တမင်ခိုင်းတယ်ပေါ့''

''ဟင်း ဟင်း... ချစ်လို့ စတာ''

''အွန်း''

သူပြောတော့ ကျွန်တော်တို့ မျက်နှာမဲ့ပြလိုက်သည်။ သူက ပြုံးရင်း ကျွန်တော့်ကိုဖက်ထားဆဲ ဒါနဲ့ကျွန်တော်လည်း သူ့ ပခုံးပေါ် ခေါင်းမှီပီး မကြာခင် မှောင်တော့မဲ့ ကောင်းကင်က နေရောင်ဖျော့နေတဲ့ နေလုံးကို ကြည့်နေလိုက်သည်။ သူလည်း ကျွန်တော့် ခေါင်းကို ပြန်မှီပီး ကြည့်နေသည်။ ခဏကြာတော့ သူက

''kit ကိုယ့်ကို သီချင်းတစ်ပုဒ်လောက်ဆိုပေးပါလား''

''ဘာ သီချင်းလဲ''

''votting တုံးက ဆိုတဲ့သီချင်းလေ အဲတုံးက kit ဆိုတာ ခံစားချက်တွေ အပြည့်နဲ့ ဘယ်သူ့ကို ခံစားပီးဆိုတာလဲ''

''ဘယ်သူမှ မခံစားပါဘူး သူတို့က နှုတ်ဆက်သီချင်း ဆိုပေးပါပြောလို့ သိတဲ့သီချင်းဆိုလိုက်တာ''

ကျွန်တော်က လိမ်ပြောလိုက်သည်။ ဒါကို သူက

''ဟုတ်လား အဲတုံးက မင်းဆိုတာ တစ်ယောက်ယောက်ကို ရည်ရွယ်ပီးဆိုနေသလိုပဲ ကိုယ်တောင် သီချင်းထဲ မျောသွားတယ်''

''p'sing က မရိပ်မိဘူးလား''

''ဘာကိုလဲ''

''ကျွန်တော် သီချင်းဆိုတဲ့အချိန်မှာ ဘယ်သူ့ကိုဆိုလဲပေါ့ fait တောင် ကျွန်တော့် အကြည့်တွေကို ရိပ်မိတယ်''

''မသိဘူး မင်းသီချင်းဆိုတာကိုပဲ အာရုံစိုက်နေတာ''

''ဒါတောင်မသိဘူး အဲဒါ p'sing ကို ရည်ရွယ်ပီးဆိုတာ''

ပြုံးရောင်ဟပ်မျက်ဝန်း (Unicode)Where stories live. Discover now