ပြုံး​ရောင်​ဟပ်​မျက်​ဝန်​း - ၁၀၁

0 0 0
                                    

Smile reflection eye (P 101)
(ပြုံး​ရောင်​ဟပ်​မျက်​ဝန်​း)

''par တွေ့သွားလား မသိဘူး''

''မတွေ့နိုင်ပါဘူး''

sing//
ကျွန်တော် စလိုက်တော့ သူက နှုတ်ခမ်းလေးဆူပြပီး မျက်နှာလေးပြောင်ချော်ချော် လုပ်ပြတော့ ကျွန်တော်လည်း အသည်းယားလာတာနဲ ့ သူဆူထားတဲ့ နှုတ်​ခမ်းလေးကို လက်​နဲ့ ဆွဲပျစ်လိုက်ပီး သူ့ ပါးကို နမ်းလိုက်သည်။ ပီးတော့ သူ့ကို ပြုံးပီးကြည့်နေချိန်မှာ par ရောက်လာသည်။ ကျွန်တော်တို့ အဖြစ်ကို par မြင်သွားပီလားလို့ လန့်နေမိသည်။

ကျွန်တော် သူ့မျက်နှာကို ကြည့်လိုက်တော့ သူက par ကို အကဲခတ်ကြည့်နေသည်။ ကျွန်တော် par ကို ပြန်ကြည့်လိုက်တော့ par က ဖိနပ်ချွတ်နေတော့ ကျွန်တော် သူ့ဘက်ပြန်လှည့်ကြည့်လိုက်သည်။ သူကလည်း ကျွန်တော့်ကို ပြန်ကြည့်နေသည်။ ပီးတော့ par က လှမ်းနှုတ်ဆက်ပီး အခန်းထဲဝင်သွားသည်။ ကျွန်တော် သူ့ကို ရင်တထိတ်ထိတ်နဲ့ကြည့်ပီး မေးလိုက်တော့ သူ့ရဲ့ အဖြေကြောင့် ကျွန်တော် နည်းနည်း စိတ်သက်သာရာရသွားသည်။ par ရဲ့ အခြေအနေကို ကြည့်တော့ အေးအေးဆေးဆေးဆိုတော့ သိပုံမရပါ။ သိရင် ဒေါသပုန်ထနေမှာ အမှန်ပါ။ ဒါနဲ့ ကျွန်တော်လည်း ရင်အေးသွားရသည်။ ကျွန်တော် ငြိမ်သွားတာကိုကြည့်ပီး kit က

''ဘာလဲ ကြောက်နေတာလား''

''မဟုတ်ပါဘူး''

''par က သိရင် ဒီလိုမနေပါဘူး အခုလောက်ဆို p'sing မျက်နှာကို လက်သီးကျွေးပီးလောက်ပီ''

''ကိုယ် အဲဒါတော့ မစားချင်ပါဘူး''

''ဟင်း ဟင်း''

''ရယ်နေ ဒီမှာ ရင်တွေပူနေတာ''

''ကြောက်ရင်ကြောက်တယ်ပေါ့''

'' အင်း... စိတ်ဆိုးပီး kit နဲ့ ပေးမတွေ့မှာကို ကြောက်တာ''

''အင်းနော်''

ကျွန်တော်တု့ိ စကားပြောနေတုံး mom က အခန်းထဲက ထွက်လာတော့

''အော sing ရောက်နေတာလား''

''ဟုတ်ကဲ့ mom''

''အော် သား ဘာမှ မကျွေးထားဘူးလား''

ပြုံးရောင်ဟပ်မျက်ဝန်း (Unicode)Where stories live. Discover now