ပြုံး​ရောင်​ဟပ်​မျက်​ဝန်​း ၃၄

2 0 0
                                    

Smile reflection eye (p 34)
(ပြုံး​ရောင်​ဟပ်​မျက်​ဝန်​း)

sing//
ကျွန်တော်လည်း အခန်းထဲတွင် ပျင်းပျင်းနဲ့ ladtop ဖွင့်ကာ ဓာတ်ပုံရိုက်ထားတဲ့ ပုံတွေကို ထိုင်ကြည့်နေလိုက်သည်။ အတန်ကြာတော့ ကျွန်တော့် အခန်းတံခါးကို လာခေါက်၍ ဖွင့်ပေးလိုက်တော့ oaujun ဖြစ်နေသည်။

''အော် အိမ်ပြန်လာသေးတယ်''

''အင်း p'sing ဧည့်သည်ပါတယ်''

''ဟင်''

သူက ပြောပီး အခန်းထဲဝင်လာတော့ ကျွန်တော် အနောက်မှာ ရပ်နေတဲ့ သူကို ကြည့်လိုက်တော့ kit ဖြစ်နေသည်။ သူက မဝင့်မရဲ မျက်နှာလေးနှင့် ကြည့်နေသည်။ ကျွန်တော်လည်း အံ့သြတဲ့ အကြည့်နဲ့ ကြည့်နေတုံး oaujun က

''kit ဝင်လေ''

ဒါနဲ့ ကျွန်တော်က

''လာလေ kit''

သူက ဝင်လာသည်။ ကျွန်တော်လည်း အခန်းထောင့်မှ ခုံကို လက်ထိုးပြလိုက်တော့ သူက ထိုင်လိုက်သည်။ oaujun က ကွန်ပျူတာရှေ့သွားထိုင်ပီး ပုံတွေကို page up / page down  key များနှိပ်၍ ကြည့်နေသည်။ ပီးတော့ ကျွန်တော်က

''လာလည်တာလား''

oaujun က

''ကျွန်တော့်ကို လိုက်ပို့လို့ အတင်းခေါ်လာလိုက်တာ''

''အော် ထိုင်ဦးနော် p' စားစရာ သွားယူလိုက်ဦးမယ်''

ကျွန်တော်ကသွားဖို့ အလုပ်မှာ သူက

''p' ကျွန်တော် အောက်မှာ စားလာပီးပီ''

''အော်''
ကျွန်​​တော်​ သွားလက်​စ​ခြေလှမ်​းကို ရပ်​လိုက်​ပြီး

"ဟို အဆင်ပြေလား လေ့ကျင့်ရတာ''

''ပြေပါတယ်''

kit//
ကျွန်တော့်ကို ခေါ်ပါ့မလားဆိုပီး ရင်တထိတ်ထိတ်နဲ့ ဝင်လာခဲ့သည်။ ဒါပေမဲ့ သူမဟုတ်တဲ့ အတိုင်းပဲ စကားတွေပြောနေသည်။ ခဏနေတော့ oaujun က

''ခဏလေးနော် kit ငါ အဝတ်စားလဲလိုက်ဦးမယ်''

''ငါလည်း ပြန်တော့မှာ ''

''ဟာ နေပါဦး ခဏလေးရှိသေးတာ p'sing နဲ့ စကားပြောလိုက်ဦးနော်''

သူက ပြောပီး ထထွက်သွားတော့ p'sing က ကွန်ပျူတာရှေ့ဝင်ထိုင်ပီး ပုံတွေကို ကြည့်နေသည်။ ကျွန်တော် သူ့ကို သေချာကြည့်နေလိုက်သည်။ ကျွန်တော် သူ့ကို ကြည့်နေရင်း ရင်တွေခုန်မိသည်။  ပီးတော့ သူက ကျွန်တော့်ဘက်ကို လှည့်ကြည့်ပီး

ပြုံးရောင်ဟပ်မျက်ဝန်း (Unicode)Where stories live. Discover now