ပြုံး​ရောင်​ဟပ်​မျက်​ဝန်​း ၅၆

2 0 0
                                    

Smile reflection eye (p 56)
(ပြုံး​ရောင်​ဟပ်​မျက်​ဝန်​း)

sing//
နေတိုင်းတွေ့နေရပေမဲ့ နှစ်ယောက်တည်း အေးအေးဆေးဆေး တွေ့ရတာမဟုတ်တော့ နှစ်ယောက်တည်း တွေ့ချင်နေတာကို သူက လက်မခံခဲ့ပေ။ စိတ်ကောက်တာမဟုတ်ပေမဲ့ စိတ်မကောင်းတော့ ဖြစ်မိသည်။

သူက  အိမ်ရောက်တော့ ဆင်းဖို့ နှုတ်ဆက်တော့လည်း နှုတ်ဆက်ပီး ပြုံးပြလိုက်သည်။ သူဆင်းသွားတော့ ကားလေးက မောင်းထွက်လာသည်။ ကျွန်တော် အိမ်ရောက်တော့ ဧည့်ခန်းတွင် လူကြီးတွေ ဆုံပီး စကားပြောနေကြသည်။ ကျွန်တော့်ကို တွေ့တော့ mom က

''သား နောက်ကျလိုက်တာ''

''ဟုတ်တယ် mom ကျောင်းကိစ္စလေးရှိလို့''

''အော် အေး အေး''

''သား အပေါ်တက်တော့မယ်''

''အေး အေး mom ထမင်းပြင်ထားမယ် ရေချိုးပီး ဆင်းခဲ့''

''ဟုတ်ကဲ့''

ကျွန်တော် အပေါ်တက်လာခဲ့သည်​။ ခဏ​နေ စား​သောက်​ပီး​တော့ စာထိုင်လုပ်နေလိုက်သည်။ အချိန်တစ်နာရီလောက်ကြာတော့ စာလုပ်နေချိန်မှာ ဖုန်းက message ဝင်သံထွက်လာသည်။ ဘာလဲလို့ ယူကြည့်လိုက်တော့

''P' စိတ်ဆိုးသွားတာလား''တဲ့
ကျွန်တော်က မဆိုးပါဘူးလို့ ပြန်ရေးပီး sent နှိပ်ဖို့ ရွယ်ပီးမှ သူ့ကို စချင်တာနဲ့
ပြန်ဖျက်ပီး

''ဆိုးတယ်''လို့ ရေးလိုက်သည်။ သူက

''တောင်းပန်ပါတယ်''လို့ ပြန်ပို့ပီး ငိုတဲ့ sticker ပုံလေး ထပ်ပို့လိုက်သည်။ ဒါနဲ့ ကျွန်တော်က စိတ်ဆိုးတဲ့ sticker ပုံလေးပြန်ပို့ပေးလိုက်သည်။ သူ ဘာပြန်ပို့မလဲ စောင့်ကြည့်နေတာ ခဏနေတဲ့ထိ ပြန်မပို့တာနဲ့ ကျွန်တော်လည်း ဖုန်းချပီး စာပြန်လုပ်နေလိုက်သည်။ စာလုပ်ပီးတော့ အိပ်ချိန်ရောက်လို့ အိပ်လိုက်သည်။

kit//
ကျွန်တော် par တို့နဲ့ ထမင်း အတူတူစားပီး ဧည့်ခန်းတွင် စကားထိုင်ပြောနေလိုက်သည်။ par က သူ့ အတွေ့အကြုံတွေကို ပြောပြနေသည်။ ခဏနေတော့ ကျွန်တော်က စာလုပ်မယ်ဆိုပီး အပေါ်တက်လာခဲ့သည်။

အပေါ်ရောက်တော့ စာထိုင်လုပ်နေရင်း p'sing ကို သတိရသွားသည်။ ဒါနဲ့ ကျွန်တော် စာလှမ်းပ့ိုပီး မေးလိုက်တော့ သူ့ရဲ့ အဖြေကြောင့် စိတ်မကောင်းဖြစ်သွားသည်။

ပြုံးရောင်ဟပ်မျက်ဝန်း (Unicode)Where stories live. Discover now