ပွုံး​ရောငျ​ဟပျ​မကြျ​ဝနျ​း ၉၆

1 1 0
                                    

Smile reflection eye ( p 96)
(ပြုံး​ရောင်​ဟပ်​မျက်​ဝန်​း)

''ကျွန်တော် p' ကို ချစ်မိတဲ့ အတွက် တောင်းပန်ပါတယ် ကျွန်တော် ဆွဲမထားပါဘူး p' သွားချင်တဲ့ သူဆီ သွားလို့ရတယ်''

''kit ငါ ဆွဲထိုးမိတော့မယ် မဟုတ်ဘူးလို့ ပြောနေတာ မရဘူးလား''

kit//
သူ အဲလိုပြောလိုက်တော့ ကျွန်တော့်စိတ်ထဲ ပိုထိခိုက်သွားသည်။ p'sing က မျက်နှာထားတင်းပီးပြောတော့ ကျွန်တော် သေချာကြည့်လိုက်မိသည်။ တစ်ခါမှ ကြမ်းကြမ်းတမ်းတမ်းမပြောတဲ့ သူက အခု ပါးစပ်က ပြောရုံတင်မဟုတ်ဘူး လက်ပါ ပါမယ်ဆိုတော့ ကျွန်တော် အတော်ပင် ကြေကွဲရပါသည်။ ဒါနဲ့ ကျွန်တော်က

''ကျွန်တော့်ကို ဒီလိုနည်းနဲ့ နာကျည်းအောင် လုပ်စရာမလိုပါဘူး အေးအေးဆေးဆေး ဖယ်ဆို ဖယ်ပေးမယ်''

''kit ရာ''

ကျွန်တော် ပြောပီး ထွက်လာတော့ p'sing က ကျွန်တော့်ကို ခေါ်ရင်း ကျန်ခဲ့သည်။ ကျွန်တော်လည်း ဆက်ပီးခြေလှမ်းလိုက်တော့ အပေါက်ဝမှာ p'deer နဲ့ p'yarch ဝင်လာပီး ကျွန်တော်တို့ဆီ လျှောက်လာသည်။ ကျွန်တော်လည်း ခြေလှမ်းတွေကို ရပ်ပီး သူတို့လာတာကို ကြည့်နေလိုက်သည်။ p'sing ကလည်း လှမ်းကြည့်နေသည်။ သူတို့ နှစ်ယောက် အနားရောက်လာတော့ p'yarch က

''kit ကိုယ်တောင်းပန်ပါတယ် ကိုယ် စာအုပ်ရှာနေတုံး မင်း library ခန်းထဲဝင်လာတာတွေ့လို့ နောက်ချင်တာနဲ့ လုပ်လိုက်တာ''

''...''

sing//
yarch ရှင်းပြတာကို ဘာမှ မပြောပဲ နားထောင်နေလိုက်သည် ပီးတော့ yarch ကဆက်ပီး

''ကိုယ် ဒီလောက်ထိဖြစ်သွားမယ်မှန်းမသိလို့''

ကျွန်တော်က
''မင်းနဲ့ ငါနဲ့ ဘာမှ မဟုတ်ဘူးဆိုတာ တစ်ခါတည်း ပြောလိုက်''

''ဟုတ်တယ် သူနဲ့က ဘာမှမဟုတ်ဘူး ပီးတော့ ကို်ယ်တို့နမ်းနေတာမဟုတ်ဘူး နဖူးချင်း ထိထားတာ သူက ဖယ်ခိုင်းတယ် ကိုယ်က မင်းလာလို့ စတာပြောတော့ သူက မင်းအထင်လွှဲမယ်ဆိုပီး တားတယ် ကိုယ်က စချင်တာပဲ သိတော့ ဒီလို ဖြစ်ဖို့ မရည်ရွယ်ပါဘူး တောင်းပန်ပါတယ်''

p'deer က
''ငါလည်း သူပြောလို့ မင်းတို့နှစ်ယောက်အကြောင်းကို  သိပီးပီ ငါထင်တော့ ထင်သား မင်းတို့ဒီကနေ ဆင်းလာတာတွေ့လို့ ရိုးရိုးသားသားပဲ ထင်နေတာ''

ပြုံးရောင်ဟပ်မျက်ဝန်း (Unicode)Where stories live. Discover now