ပြုံး​ရောင်​ဟပ်​မျက်​ဝန်​း ၈၀

5 1 0
                                    

Smile reflection eye (P 80)
(ပြုံး​ရောင်​ဟပ်​မျက်​ဝန်​း)

''par တို့ အပြင်သွားဖို့လား''

sing//
ကျွန်တော် kit တို့ခြံထဲဝင်လာတော့ par နဲ့ mom နဲ့ က အိမ်အဝမှာ တွေ့လိုက်သည်။ ပီးတော့ အနောက်မှ kit ကိုပါ တွေ့လိုက်ရတော့ အပြင်သွားကြမှာထင်တယ်ဆိုပီး စက်ဘီးထောင့်ထောက်ကာ နှုတ်ဆက်လိုက်သည်။ ပီးတော့ ကျွန်တော် မေးလိုက်တော့ par က

''အေးကွ မိဘတွေ အိမ်ကို မရောက်သေးလို့ သွားတွေ့မလို့ကွ''

''အော ကျွန်တော်လာတာ မှားသွားပီနဲ့တူတယ်''

mom က
''မမှားပါဘူး သားရဲ့ kit တစ်ယောက်တည်း ကျန်ခဲ့မှာ စိတ်မချလို့ သားစောင့်ပေးပါလား''

''ဗျာ ဟုတ် ရပါတယ်''

ကျွန်တော့်ကို ပြောလိုက်တော့ ကျွန်တော် ကြောင်လည်းကြောင် ပျော်လည်းပျော် သွားသည်။ kit ပါ လိုက်သွားမယ်ထင်နေတာ ကျန်ခဲ့တယ်ဆိုတော့ ပျော်သွားမိသည်။

ကျွန်တော်တို့နှစ်ယောက်ကြည့်ပီး ပြုံးလိုက်မိသည်။ နှစ်ယောက်တည်းဆိုတော့ လွတ်လပ်တာပေါ့ဆိုတဲ့ အတွေးနဲ့လေ။ ခဏနေတော့ mom တို့ နှုတ်ဆက်ပီး ထွက်သွားသည်။ ကျွန်တော်တို့နှစ်ယောက်လုံး အိမ်ဝတွင် ရပ်ရင်း ကျန်ခဲ့သည်။ ပီးတော့ kit က

''p' လာ အထဲဝင်လေ''

''အင်း''

''ကိုယ် မင်းပါ ပါသွားမယ်ထင်ပီး လန့်သွားတာပဲ''

''p' လာမှာကို ကျွန်တော်က လိုက်ပါ့မလား''

''မင်း မလိုက်တော့ mom တို့က ဘာမှမပြောဘူးလား''

''p' နဲ့ ဖုန်းပြောပီးမှ mom က သွားမယ်ဆိုတာ လာပြောတာ ဘယ်လိုက်ချင်တော့မလဲ အရင်ပြောရင် လိုက်ဖြစ်ဦးမယ် အခုတော့''

''အခုတော့ ဘာဖြစ်လဲ ပြောလေ''

''ဘာမှမဟုတ်ပါဘူး''

သူက ခုံမှာ ဝင်ထိုင်ရင်းပြောတော့ ကျွန်တော်လည်း လိုက်ထိုင်လိုက်ပီး

''kit ပြောလေ''

''အခုတော့ မလွမ်းရတော့ဘူးပေါ့လို့''

''အမ်း''

''မသိဘူးလား''

''အင်း''

ပြုံးရောင်ဟပ်မျက်ဝန်း (Unicode)Where stories live. Discover now