ပြုံး​ရောင်​ဟပ်​မျက်​ဝန်​း ၁၉

4 0 0
                                    

Smile reflection eye (p 19)
(ပြုံး​ရောင်​ဟပ်​မျက်​ဝန်​း)

kit//
ကျွန်တော်ကတော့ p'sing သူငယ်ချင်း ခိုင်းတဲ့ post အတိုင်းလိုက်လုပ်နေလိုက်သည်။ p'sing ကတော့ အဆင်ပြေရင် ခေါင်းညိတ်ပြီး ရိုက်နေသည်။ အဆင်မပြေရင် ဘယ်လိုလေးထပ်လုပ်လိုက်ဆိုတာ မျိုးပေါ့ တကယ့် photographer ကြီးကျနေတာပဲ။

သူရိုက်နေတဲ့ ပုံစံလေးက ကင်မရာ နောက်က screen ပေါ်မှာ ပေါ်ထွက်နေတဲ့ ကျွန်တော့်ရဲ့ ရုပ်ပုံကို ကြည့်ပီး ပြုံးကာ ရိုက်ပေးနေသည်။ သူက လူကို မကြည့်ပဲ ကင်မရာကို ကြည့်နေပေမဲ့လည်း ကျွန်တော့်ရဲ့ စိတ်တွေက လှုပ်ရှားနေမိသည်။ တစ်ခါတစ်ခါ ရှက်ပြုံးလေးပြုံးလိုက်မိသည်။

ခဏကြာတော့ ၇ ပုံ ၈ ပုံလောက်ရိုက်ပေးပီးတော့ သူက

''off တစ်ချက်လာကြည့်ပေးဦး အဆင်ပြေလား nong လည်း လာကြည့်နော် မပြေရင် ပြန်ရိုက်ပေးမယ်''

ဒါနဲ့ ကျွန်​တော်တို့နှစ်ယောက်သူ့နားကို လျှောက်သွားလိုက်သည်။ သူက ရိုက်ပီးသား ပုံတွေကို ပြနေသည်။ ပုံတွေကတော့ အဆင်ပြေပါတယ် သူက ပြနေရင်း အရှေ့က leader p' ရပ်နေတာကို

''p'deer လာကြည်​့ပါဦး p' သူ့ပုံတွေ အဆင်ပြေလားကြည့်ပေးပါဦး''

အဲ p' က လာပီး

''ပြေပါတယ် ဘာဖြစ်လို့လဲ''

''အော သူက main ဆိုတော့ အဆင်မပြေဖြစ်နေမှာစိုးလို့''

''မင်းလက်ရာကောင်းပီးသားပဲ ဘာကြောက်နေတာလဲ''

''မဟုတ်ပါဘူး ကျွန်တော်ရိုက်တာမကောင်းရင် သူ vote နည်းသွားမှာ စိုးလို့ပါ ကျွန်တော့်ကြောင့် မဖြစ်စေချင်ဘူးလေ''

''အေး ဒါဆို ကွန်ပျူတာထဲထည့်ပီး ကောင်းတာရွေးတာပေါ့''

''ဟုတ်ကဲ့ p'...''

''krist မပူနဲ့နော် မကောင်းရင် သူပြန်ရိုက်ပေးလိမ့်မယ်''

ကျွန်တော်က စိုးရိမ်းသွားသည်။ ပုံတွေက ကောင်းနေပေမဲ့ သူတို့ စိတ်တိုင်းမကျသလိုပြောနေတော့ ပုံတွေက မကောင်းလို့ ထင်ပီး ကျွန်တော် စိတ်ပူသွားမိသည်။ ဒါကို p'sing က ကြည့်ပီး

''စိတ်ပူနေတာလား''

''အင်း''

''မပူပါနဲ့ ကိုယ်ရိုက်တာ မကောင်းရင်တောင် မင်းက ချစ်ဖို့ကောင်းတော့ ပုံက လှနေမှာပါ''

ပြုံးရောင်ဟပ်မျက်ဝန်း (Unicode)Where stories live. Discover now