ပြုံးရောင်​ဟပ်​မျက်​ဝန်​း ၁၄

9 0 0
                                    

Smile reflection eye (p 14)
(ပြုံးရောင်​ဟပ်​မျက်​ဝန်​း)

sing//
ကျွန်တော်တို့ ထမင်းစားချိန်ရောက်လို့ ကန်တင်းဘက်ကို ထွက်ခဲ့ကြသည်။ ကန်တင်းရောက်တော့ အလယ်လောက်က ခုံမှာ kit တို့ သူငယ်ချင်းတွေ ထိုင်စားနေကြသည်။ ကျွန်တော် သူ့ကို ကြည့်ပီး လျှောက်လာတဲ့အချိန်မှာ သူ့ဘေးက fait ကစားနေရင်း ကျွန်တော့်ကို မြင်သွားတော့ စားလက်​စဇွန်းကို ​ပန်​းကန်​​ပေါ်ချကာ လက်အုပ်ချီနှုတ်ဆက်လို့ ကျွန်တော် ပြုံးပြကာ ခေါင်းညိတ်ပြလိုက်သည်။ အဲအချိန်မှာ သူက fait ကိုကြည့်ပီး ကျွန်တော့်ကိုလှမ်းကြည့်သည်။ သူ့ကိုတော့ မကြည့်ပဲ ဆက်လျှောက်လာခဲ့သည်။ မကြည့်ပေမဲ့ သူကြည့်နေတယ်ဆိုတာကို သိနေသည်။ သူက မခေါ်ချင်တော့ ကျွန်တော်လည်း မခေါ်ပဲနေလိုက်သည်။
ကျွန်တော် ဆက်လျှောက်လာတဲ့အချိန်မှာ nem နဲ့ may နဲ့က အနောက်က လိုက်လာရင်း သူတို့ ဝိုင်းနားရောက်တော့ may က

''ဟဲ krist အခုမှ လာစားတာလား''

''ဟုတ်ကဲ့''

nem က
''p' တို့ မဲပေးထားတယ်နော် ဆုရရင် မုန့်ကျွေးရမယ်''

ဒါနဲ့ ကျွန်တော်က သူတို့ ပြောနေတဲ့ krist ကို မြင်ချင်တာနဲ့ လှည့်ကြည့်လိုက်တော့ kit က ရယ်ပီး

''ကျွေးပါမယ် p' ကျေးဇူးတင်ပါတယ်''

ဟာ ဘာလဲ ကျွန်တော် ကြောင်သွားသည် သူက ဘာလို့ ပြောတာလဲပေါ့ အဲဒီမှာ new က ကျွန်တော် နောက်ပြန်လှည့်ကြည့်တာကို တွေ့သွားပီး

''ဟုတ်တယ် kit မင်း p'တို့ကို ကျွေးသင့်တယ်''

''အေးပါ ကျွေးပါ့မယ်''

may က
''ဘာလဲ သူ့ကို kit လို့ ခေါ်တာလား krist မဟုတ်ဘူးလား''

fait က
''သူက krist ပါ ကျွန်တော်တို့က kit လို့ခေါ်တာ''

may က မေးလိုက်တော့ သူက ကျွန်တော့်ကို လှမ်းကြည့်သည်။ ဒါနဲ့ ကျွန်တော်လည်း အကြည့်လွှဲလိုက်ပီး နားစွင့်ရင်း ဘေးခုံတန်းမှာ ဝင်ထိုင်လိုက်သည်။ off နဲ့ nott တို့ yarch တို့ကလည်း ဝင်ထိုင်သည်။ ဒါကို nem က

''sing ပြောတာ သူ့ကိုလား kit ဆိုတာ''

ဟာ သေပီ သူ့ ရှေ့မေးရလား ကျွန်တော် ရှက်သွားသည်။ ကျွန်တော် နားစွင့်နေပေမဲ့ မကြည့်ပေ။ may က

ပြုံးရောင်ဟပ်မျက်ဝန်း (Unicode)Where stories live. Discover now