ပြုံး​ရောင်​ဟပ်​မျက်​ဝန်​း ၇၅

2 1 0
                                    

Smile reflection eye (P 75)
(ပြုံး​ရောင်​ဟပ်​မျက်​ဝန်​း)

''ဟုတ်တယ်mom သူတို့မိသားစုက ခင်မင်တတ်ကြတယ် အကုန်လုံးလည်း ဖော်ရွေတယ်''

''ဟုတ်လား သူတို့အိမ် သားရောက်ဖူးလား''

''ဟုတ်''

''အော်''

kit//
ကျွန်တော်တို့ ကျန်တာတွေ ဆက်သုတ်နေလိုက်သည်။ mom ပြောသလို  p' တွေ nong တွေ သဘောထားဆိုတော့ ကျွန်တော်တို့က အဲလို အဆင့်ထက်ပိုနေတာ mom မှ မသိတာ ကျွန်တော် သူ့ကို p' တွေ nong တွေ ချစ်တာထက်ကို ပိုပီးချစ်တယ် mom လို့ ပြောလိုက်ချင်တယ်

အဲလို ပြောချင်တယ်ဆိုတာကို oaujun သိရင် ရန်တွေ့ဦးမယ်။ သူတို့ nong p' အချစ်ကို ထိခိုက်ပြောတယ်ဆိုပီးပေါ့ ကျွန်တော် သုတ်ရင်း တွေးလိုက်မိသည်။

ခဏနေတော့ ကျွန်တော်တို့ သုတ်လို့ ပီးသွားတော့ ဗီရိုထဲကို ဝိုင်းထည့်ပေးလိုက်သည်။ ပီးတော့ အပေါ်တက်ကာ ကုတင်ပေါ်တွင် လှဲလိုက်သည်။ နာရီကြည့်တော့ ညနေ ၄ နာရီထိုးတော့မည်။ မနက်အစောကြီးတည်းက နိုးပီး သူတို့ကို ဧည့်ခံနေရတော့ လှဲချိန်မရ၍ အခု ခဏ လှဲလိုက်တော့ မျက်လုံးက မှေးစင်းလာလို့ အိပ်လိုက်သည်။

sing//
ကျွန်တော်တို့ kit တို့အိမ်ကထွက်လာတော့ new က ကားပါတော့ web ရယ် mari ရယ် jan ရယ်ကို ကားနဲ့ ခေါ်သွားသည်။ ကျွန်တော်တို့ ၃ ယောက်ကတော့ စကားပြောရင်း အိမ်သို့ လျှောက်လာခဲ့ကြသည်။

အိမ်ရောက်တော့ ကျွန်တော်လည်း အပေါ်တက်ပီး စာထိုင်လုပ်နေလိုက်သည်။ ညဘက် ထမင်းစားချိန်ရောက်တော့ mom က

''သား ထမင်း စားမယ်လေ''

''မစားတော့ဘူး mom သား kit တို့အိမ်မှာ စားလာတာ ဗိုက်တွေပြည့်နေလို့''

''အော် အေးအေး အရမ်း ညဥ့်နက်ထိမလုပ်နဲ့နော်သား ကျန်းမာရေးထိမယ်''

''ဟုတ်''

mom က ထွက်သွားတော့ ကျွန်တော် စာဆက်လုပ်နေလိုက်သည်။ အတန်ကြာတော့ နာရီကို ကြည့်လိုက်တော့ ၉ နာရီ ကျော်နေပီ ကျွန်တော် နေ့ခင်းက kit ကို မမှာခဲ့ရဘူး နောက်နေ့ library ခန်းမှာ စာတွေစုရမှာမို့ မတွေ့ဖြစ်ဘူးလို့ ပြောခဲ့ဖို့ကို မပြောခဲ့ရဘူး ဒါနဲ့ ကျွန်တော်က ဖုန်းကိုယူပီး သူ့နာမည်ကို ရွေးနေတုံး ဖုန်းဝင်လာသည်။ ကြည့်တော့ kit ဖြစ်နေသည်။

ပြုံးရောင်ဟပ်မျက်ဝန်း (Unicode)Where stories live. Discover now