ပြုံး​ရောင်​ဟပ်​မျက်​ဝန်​း ၂၈

1 1 0
                                    

Smile reflection eye (p 28)
(ပြုံး​ရောင်​ဟပ်​မျက်​ဝန်​း)

''အေး ဒါဆို kit ကို အပူကပ်ပီနော်''

''ကပ်ပါ ကပ်ပါ ငါ့ကြောင့် မင်းတို့လည်း ပါရတော့ ကူညီရတော့မှာပေါ့''

''အဲလိုလည်း မဟုတ်ပါဘူးကွာ ငါတို့ ကလည်း မငြင်းလိုက်တာပါ''

mom က ဝင်လာပီး
''ကဲ ထမင်း လာစားတော့လေ mom ပြင်ပီးပီ''

''ဟုတ်ကဲ့ mom''

ကျွန်တော်တို့ ဆင်းစားလိုက်ကြသည်။ ခဏကြာတော့ ကျွန်တော်တို့ စားပီးတော့ သစ်သီးပန်းကန်လေးယူကာ အပေါ်ပြန်တက်လာကြသည်။ oaujun က

''fait သီချင်းကူးပီးပီလား''

''မကူးရသေးဘူး''

''ရော့ ကူးလိုက်ဦး ပီးရင် ငါတို့ ပြန်တော့မယ် နောက်ကျနေပီ''

''အေး အေး''

''မနက်ဖြန်မှပဲ အကကျင့်တော့မယ်''

''အင်း''

oaujun ပေးသော ဖုန်းကို ယူပီး fait က ကူးနေသည်။ ကျွန်တော်လည်း ခုံမှာထိုင်ကာ သစ်သီးစားရင်း ကြည့်နေလိုက်သည်။

sing//
အတန်ကြာတော့ ကျွန်တော် စာလုပ်ပီးလို့ နာရီ ကြည့်လိုက်တော့ ၇ နာရီ ကျော်နေပီ ဒါနဲ့ ကျွန်တော် အောက်ဘက်သို့ ဆင်းလာခဲ့သည်။ mom နဲ့ တီတီက ဧည့်ခန်းထဲမှာ ထိုင်နေသည်။ ကျွန်တော့်ကိုတွေ့တော့ mom က

''sing oaujun လည်း ပြန်မလာသေးဘူး ဘာတွေဒီလောက် အလုပ်ရှုပ်နေလို့လဲ''

''မသိဘူးလေ''

''ဒါဆို ဖုန်းဆက်လိုက်ပါ သားရယ်''

''ဟုတ်ကဲ့''

ကျွန်တော်လည်း ဖုန်းဆက်လိုက်သည်။ ဖုန်းခေါ်သံ ထွက်လာပီး ခဏနေတော့ တစ်ဖက်မှ

''hello p'sing''

''oaujun ကျောင်းက ပြန်မလာသေးဘူးလား''

''ပြန်လာပီ''

''ပြန်လာပီ အခု လမ်းမှာလား ရောက်တော့မှာလား''

''မဟုတ်ဘူး p' ကျွန်တော် အခု kit တို့ အိမ်မှာ''

''ဘာ kit အိမ်မှာ''

ကျွန်တော် အံ့သြသွားမိသည်။ သိတာဖြစ် မကြာသေးဘူး အိမ်လည်သွားနေပီ တော်တော်သွက်တဲ့ကောင် အချိန်တိုအတွင်းမှာ တော်တော် ရင်းနှီးနေတာပဲ။ ကျွန်တော်က သေချာအောင် မေးလိုက်တော့ oaujun က

ပြုံးရောင်ဟပ်မျက်ဝန်း (Unicode)Where stories live. Discover now