My First Love is💛1

84.8K 2.5K 31
                                    

Ringing~~~

'Hello ဟုတ်ကဲ့ ကျွန်တော်လာနေပါပြီ ဂျာကြီး'

ခစားရံတစ်ယောက် ဖိုင်တွေအိတ်တွေမနိုင်မနင်းနဲ့ တိုက်ခန်းလှေကားမှ အမြန်ပြေးဆင်းလာလေသည်။တောက်စ်! ငါ့နှယ့် ဒီနေ့မှ အိပ်ရာထနောက်ကျရတယ်လို့။ပွစိပွစိနဲ့ အမြန်ဆင်းလာရင်း နောက်ဆုံးအထစ်ခြေချပြီးသည့်အခါ။

'အောင်မယ်လေး'

တစ်ဖက်က ဝင်လာတဲ့လူနဲ့ တိုက်မိလေတော့သည်။ကျနေတဲ့ ဖိုင်တွေကို အမြန်ပြန်ကောက်ရင်း တိုက်မိတဲ့သူကို  အပြစ်တင်ဖို့ရာ မော့ကြည့်လိုက်တော့ ထိုလူလက်ထဲမှာလည်း  သူ့ရဲ့ ဖိုင်တွဲအချို့နှင့်။ ကူကောက်ပေးထားတဲ့ပုံပင်။ သူမတ်တပ်ထရပ်လိုက်ရင်း။

'ဒီမှာ ခင်ဗျား လူတစ်ယောက်လုံးလာတာကိုမမြင်'

Wah!!!ခုနကနေရောင်ထိုးနေသည်မို့  သေချာမမြင်လိုက်ရပေမဲ့ အခုသူ့ရှေ့မှာရပ်နေတဲ့ ထိုလူမှာ တကယ်လူကော ဟုတ်ရဲ့လားဟင်။

'မင်းကငါ့ကိုဝင်တိုက်တာလေ ကောင်လေး'

ထွက်လာတဲ့အသံကသြရှရှ အကြောင်သားနဲ့ ထိုလူကြီးကိုငေးနေမိသည်။
ဘုရား...ကျွန်တော့်ရင်ခုန်သံတွေမြန်လာပါလား။

'Sor....sorry'

ထိုလူကိုအပြစ်ပြောပစ်မယ်ဟူသောအတွေးတွေသည်ဘယ်ဆီလွင့်ပျောက်သွားလေပြီမှန်းမသိ။

'ရပါတယ်နောက်ဆိုသတိထားချော်လဲကုန်မယ် ရော့ ဒီမှာမင်းရဲ့ဖိုင်တွဲတွေ'

လက်ထဲဖိုင်တွဲတွေထည့်ပြီး ထိုလူထွက်သွားတဲ့အချိန်အထိ သူငူငူကြီးရပ်နေမိဆဲ။

အမေရေ အမေရဲ့သမက်လောင်းလေး ကျွန်တော့်နှလုံးသားပိုင်ရှင်ကြီးကို ရှာတွေ့ပြီထင်ပါရဲ့။

Ringing~~~

ကိုယ့်ဘာသာရင်တွေတုန်ကာကြည်နူးမဆုံးတပြုံးပြုံးဖြစ်နေတုန်းရှိသေးအချိန်အခါမသိမြည်လာတဲ့ဖုန်းကြောင့်။

'ဟာ ဂျာကြီး ဟုတ်ကဲ့ ကျွန်တော် ကားပေါ်ရောက်နေပါပြီ ဟုတ်ကဲ့'

ဟူး...ကိုယ်လူချောကိုငမ်းနေမိတာနဲ့ငါတော့Taxiနဲ့နှစ်ပါးသွားရတော့မယ်။

My First Love is💛Where stories live. Discover now