My First Love is💛10

19.5K 1.6K 71
                                    

'အဲ့ဒါဘာလုပ်နေကြတာလဲ!'

အနောက်ဘက်ကကြားလိုက်ရတဲ့အော်သံကြောင့် ခစားရံလှေကားပေါ်ကနေချော်ကျတာကြောင့်မတ်တပ်မရပ်နိုင်ဖြစ်နေတဲ့စီနီယာအစ်မကိုထိန်းထားရင်းကနေလန့်သွားမိသည်။

'အာ Boss'

မြင်လိုက်ရတဲ့Bossကြောင့် သူဝမ်းသာအားရပြုံးပြမိသော်လည်း Bossက မျက်ခုံးတွေကိုတွန့်ချိုးကာ သူ့ကိုကြည့်နေတာမို့ သူ အနည်းငယ်တော့ကြောင်သွားမိပါသည်။ ကျွန်တော်ဘာအမှားလုပ်မိပြန်ပြီလဲ။

'ဒီမှာဘာလုပ်နေတာလဲ'

Bossရဲ့အကြည့်က ကျွန်တော့်ဆီမှာမဟုတ်တာကြောင့် Bossအကြည့်တွေရဲ့လားရာကိုလိုက်ကြည့်မိတော့ သူမခါးကိုဖက်ထားတဲ့ ကျွန်တော့်လက်တစ်ဖက်ဆီမှာသာ အထင်လွဲမှားသွားမှာစိုးမိပြန်တာမို့။

'ဟိုBossထင်သလိုမဟုတ်ပါဘူး ဒီကအစ်မချော်လဲသွားလို့ ကျွန်တော်ဌာနပြန်လိုက်ပို့ပေးမလို့ကူပေးနေတာပါ'

သူရှင်းပြလေတော့လူကိုတစ်ချက်ကြည့်ကာ အကြည့်တွေကစီနီယာအစ်မခါးပေါ်ကသူ့လက်ကိုသာမျက်မှောင်ကြုတ်ကာစိုက်ကြည့်နေဆဲပင်။

'ဟိုBoss'

'ငါ့ကျောပေါ်တင်'

'ဗျာ!'

'ငါလိုက်ပို့ပေးမယ် ငါ့ကျောပေါ်တင်လိုက်လို့'

'မဟုတ်တာBossရယ် အဲ့လောက်ထိမလိုပါဘူး အားနာစရာ'

စီနီယာအစ်မကအားနာသလိုပြောနေသံကို ကြားသော်လည်း သူဘာမှမပြောမိဘဲBossကိုသာအကြောင်သားကြည့်နေမိသည်။

'ရတယ် အားနာစရာမလိုဘူး မင်းကငါ့Companyအတွက် အလုပ်လုပ်ပေးနေတဲ့သူပဲ ခစားရံ သူ့ကိုကျောပေါ်တင်ပေး'

ကျောပေးကာခါးကုန်းရင်းပြောလာတဲ့ Bossကြောင့်။

'ငါပြောနေတယ်လေ မကြားဘူးလား'

စိတ်မရှည်သလိုအနောက်လှည့်ကြည့်ကာ လူကိုဟောက်လာတာမို့ သူသက်ပြင်းဖွဖွချရင်း။

'ဟုတ်ကဲ့Boss'

သူမကိုBossကျောပေါ်ကူတင်ပေးနေမိပေမဲ့စိတ်ထဲမှာဘာကိုအလိုမကျနေမှန်းမသိ။ဟူး... ငါတကယ်အကျင့်မကောင်းလာတာလားမသိဘူး။Bossကအကူအညီလိုလို့ကူညီပေးနေတာကို ငါကဘာဖြစ်ချင်နေတာလဲ။
အာ ဒီအစ်မကလည်း ဘာလို့အဲ့လောက်တိုတဲ့Skirtဝတ်ထားတာလဲ။

My First Love is💛Where stories live. Discover now