My First Love is💛17

17.8K 1.2K 13
                                    

'Boss'

'ဟင်'

'ကိုကို'

'ဗျာ'

'ဟီးဟီး'

'ဟာ ဒီကောင်လေး ဘာဖြစ်နေတာလဲ'

'ပျော်လို့'

မျက်နှာလေးကပြုံးရွှင်နေတာမို့ ဘုန်းကြွယ်ဌေးပြုံးလိုက်မိသည်။

'ပြောပါဦး ဘာတွေပျော်နေတာလဲဆိုတာ'

'ဟင် သိဘူး ဒီတိုင်းBossနားမှာ နေရတာကိုပျော်လို့ ဟီးဟီး'

ပြောရင်းလက်မောင်းကိုလက်၂ဖက်နဲ့တွယ်ဖက်ရင်းခေါင်းလေးကိုပခုံးပေါ်လာတင်ပြန်သည်။ဟုတ်တာပေါ့ဒီကောင်လေးကဒီလိုလည်းချွဲတတ်ပါသေးသည်။

'လူကိုအသည်းယားအောင်တွေသိပ်မလုပ်နဲ့'

'ဟင် ကျွန်တော်ဘာမှမလုပ်မိပါဘူး'

'Boss'

'ဟင်'

Laptopထဲကစာရင်းတွေကိုစစ်နေရင်းကနေ ပခုံးပေါ်မှာခေါင်းတင်ထားတဲ့ကောင်လေးရဲ့မျက်နှာကိုပြန်ကြည့်ရင်း သူဖြေလိုက်လေသည်။ ရွှန်းရွှန်းစားစားကြည့်နေတဲ့ ကောင်လေးရဲ့အကြည့်တွေကြား ပြန်ငေးကြည့်နေမိပြန်သည်။

'ကျွန်တော်လေ'

'အင်း'

'ဗိုက်ဆာလို့ ဟိ'

ဘုန်းကြွယ်ဌေး ခေါင်းခါရင်း တစ်ချက်ပြုံးလိုက်မိသည်။

'အင်း ဘာစားချင်လဲ'

'ခေါက်ဆွဲပြုတ် ကြက်ဥလေးရယ် ကြက်ဥချောင်းလေးရယ်နဲ့'

'အင်း အင်း သွားပြုတ်ပေးမယ်'

ပြောရင်းLaptopကိုပိတ် Sofaမှထကာ ဦးတည်ရာသည် မီးဖိုချောင်သို့။

'Boss 2ထုပ်နော်'

အာလူးကြော်ထုပ်ကိုလက်မှာပိုက်ကာပါးစပ်ထဲပလုတ်ပလောင်းထည့်ကာ စားနေရင်းကနေ ဘေးနားလာကာ ဟိုလိုလေးဒီလိုလေးလုပ်နေတဲ့ကောင်လေးကို တစ်ချက်ပိတ်နမ်းပလိုက်တော့မှ အသံလေးတွေတိတ်သွားတော့သည်။

'ရေး ပြီးပြီကွ'

'ဝိုးဟိုး'

Designကိစ္စတွေ အကုန်ပြီးသွားတာကြောင့် မနက်ဖြန်အစည်းအဝေးမှာ တင်ပြပြီးသည်နှင့်ပစ္စည်းထုတ်လို့ရလေပြီမို့ ဌာနတစ်ခုလုံးမြူးထူးနေကြခြင်းပင်။

My First Love is💛Onde as histórias ganham vida. Descobre agora