My First Love is💛16

18.2K 1.3K 63
                                    

'ကျွတ် ကျွတ် ကျွတ် အချစ်ဆိုတာကြီးကို ငါတောင်ကြောက်လာပြီ'

ဖုန်းကိုင်ကာ Bossပို့ထားတဲ့ Msgတွေကိုကြည့်ရင်း ကိုယ့်အတွေးနဲ့ကိုယ် သာယာနေတုန်း ဘေးနားကကြားလိုက်ရတဲ့ သာသနာဖျက်ရဲ့အသံကြောင့်။

'ဘာကိုလဲ'

'ဘာကိုမလဲနဲ့ မင်းအောက်မင်းပြန်ကြည့်'

'ဟမ်!ငါ့အောက် ဘာဖြစ်လို့လဲ'

ခေါင်းငုံ့ကာ အောက်ငုံ့ကြည့်လိုက်တော့လည်း ဘာမှမဖြစ်ပါဘူး။ဒီကောင် ဘာတွေလာပြောနေပါလိမ့်။

'ဟေ့ရောင်!!!ဒီအရူးနဲ့တော့ မင်းထမင်းပန်းကန်ကိုပြောနေတာ ဘာတွေပြူးပြဲပြီး ငုံ့ကြည့်နေတာလဲ'

'ဟမ် အဲ့ဒါများ အဲ့လိုပြောပါလား ငါ့ထမင်းပန်းကန်ဘာဖြစ် အဲ'

'ဘာဖြစ်လဲ ဆက်ပြောပါဦး'

'ဟီးဟီး'

ကိုယ့်ထမင်းပန်းကန်ကိုကိုယ်ကြည့်ပြီးရှက်ကိုးရှက်ကန်းနဲ့သွားလေးဖြဲပြလိုက်လေသည်။

'သောက်မြင်တွေကပ်တယ်နော် သောက်မြင်တွေကပ်တယ်'

'အဟဲ မင်းကလည်း'

အကြောင်းမှာထမင်းပန်းကန်ထဲကထမင်းတွေမှာကုန်လုနီးပါးဖြစ်နေပေမဲ့ အရှေ့ကဟင်းခွက်တွေက ပုံမပျက်ပန်းမပျက် ဒီတိုင်းလေးဖြစ်နေခြင်းပင်။

ကိုယ့်ဘာသာMsgလေးတွေဖတ်ပြီး သာယာနေတာနဲ့ ဘယ်လိုစားလိုက်မိလဲတောင်သိဘူး ဟီးဟီး။

'သွားကြီးဖြဲပြီး ထမင်းတွေပဲ စားနေပုံထောက် မင်း စိတ်ကျန်းမာရေးဆရာဝန်နဲ့ ပြသင့်ပြီထင်တယ်'

'ရူးနေလို့ပြရမှာလား အင်းပေါ့ မင်းလို လူပျိုသိုးကြီးက ဒါတွေ ဘယ်နားလည်ပါ့မလဲ သနားလိုက်တာ သွပ် သွပ်'

'လူပျိုသိုးမဟုတ်ဘူးကွ ကိုယ့်ကိုယ်ကိုယ်ချစ်လွန်းလို့ သူများကိုမပေးတာ နားလည်လား'

'ဪ ဟုတ်လား အဖြစ်မရှိရင် မရှိဘူးပေါ့ကွာ'

'မနေ့တနေ့ကမှ ရည်းစားရပြီး လေကျယ်နေလိုက်တာ ဖေ့သားလေးက ကျောင်းတုန်းကဆို ငါဘယ်လောက်စွံလဲ ခါချနေရတယ် ကိုယ့်ဘာသာလွတ် လွတ်လပ်လပ်နေချင်လို့ မထားတာကွ လူကိုများ'

My First Love is💛Where stories live. Discover now