Until The Last Moment(extra-10)

9.3K 446 25
                                    

'ရံရံ ကိုကိုမနက်စာလုပ်ပေးခဲ့တယ် အုပ်ဆောင်းအောက်မှာ'

'ဟင် ကိုကိုကဘယ်သွားမလို့လဲ ဒီနေ့ကတနင်္ဂနွေနေ့လေ'

'ကိုကို့ကို Shareဝင်အသစ်တစ်ယောက်နဲ့တွေ့ဖို့ဖုန်းဆက်လာလို့ ရုံးခဏသွားရမယ်'

မျက်လုံးတွေကိုလက်ခုံနဲ့ပွတ်သပ်ကာ အိပ်ရာမှထဖို့ပြင်နေတာကြောင့်။

'ပြန်အိပ်လေရံရဲ့ မထနဲ့ဦး စောသေးတယ်'

'ရုံးလိုက်ခဲ့မယ် ကိုကိုပဲဒီနေ့ အပြင်မှာDateလုပ်မယ်ဆို'

'အင်း ကိုကိုအလုပ်ပြီးတာနဲ့ အိမ်ပြန်လာမယ်လေ'

'မရဘူး လိုက်မှာ ဝါး ကိုကိုပြန်လာရတာနဲ့ ပင်ပန်းမှာပေါ့'

လူကဖြင့်တဝါးဝါးသမ်းကာ အိပ်ချင်နေသေးတာကို။

'အဲ့ဒါဆိုလည်း ကိုကိုအလုပ်ကိစ္စပြီးတာနဲ့ Babeကို ဖုန်းဆက်လိုက်မယ် အဲ့တော့မှ ရုံးကိုထွက်လာခဲ့ အခုကစောသေးတယ် အိပ်ချင်သေးတယ်မလား အိပ်လိုက်ဦး အိပ်ရာနိုးမှအေးဆေးလိုက်လာခဲ့ ဟုတ်ပြီလား'

'အင်း အဲ့ဒါဆို ကိုကိုအလုပ်သွားဖို့ပြင်ပေးမယ်လေ'

အိပ်ရာပေါ်မှတစ်ဖန်ကုန်းရုန်းထနေပြန်တာကြောင့် ကြွက်သိုက်ဖြစ်နေတဲ့ ဆံပင်လေးတွေကိုဆွဲဖွလိုက်ရင်း။

'ကိုကိုကပြီးပြီ ပြန်အိပ်တော့ အိပ်ရေးမဝဖြစ်မယ်'

'ဟုတ်ကဲ့'

'မွ'

ပါးတစ်ဖက်ကိုနမ်းပြီး ထွက်သွားတဲ့သူ့ကျောပြင်ကိုကြည့်ရင်း ကုတင်ပေါ်ပြန်လှဲချလိုက်သည်။ဘေးနားက အတန်ငယ်ပူနွေးဆဲဖြစ်နေတဲ့ ကွက်လပ်ငယ်။ကိုကို့ခေါင်းအုံးကိုယူကာဆွဲဖက်လိုက်ပြီး နောက်တစ်ကြိမ် အိပ်မက်ကမ္ဘာထဲသို့။

'ကိုကို'

'ရံ ရောက်လာပြီလား လာလေ'

သူခေါင်းလေးငြိမ့်ပြီး ဘေးနားလေးမှာ ဝင်ထိုင်လိုက်လေသည်။

'အလုပ်ကိစ္စမပြီးသေးတာလားကိုကို ကျွန်တော်အပြင်မှာပဲ စောင့်နေမယ်လေ'

အရှေ့ခုံမှာထိုင်နေတဲ့ ဝင်လာတည်းကလူကိုကြည့်နေတဲ့ နိုင်ငံခြားသူကို တစ်ချက်ကြည့်လိုက်ရင်း သူခပ်တိုးတိုးရေရွတ်လိုက်လေသည်။

My First Love is💛Όπου ζουν οι ιστορίες. Ανακάλυψε τώρα