You're all I need,my Love,my Valentine💝(extra-6)

10.2K 591 36
                                    

~ If there were no words ~ No way to speak ~ I would still hear you ~ If there were no tears ~ No way to feel inside ~ I'd still feel for you ~ And even if the sun refused to shine ~ Even if romance ran out of rhyme ~ You would still have my heart ~ Until the end of time ~ You're all I need, My Love,My Valentine.....

Radioကနေလာနေတဲ့ သီချင်းသံကခပ်ငြိမ့်ငြိမ့် ကားအဖြူလေးကကတ္တရာ လမ်းမကျယ်ကြီးပေါ်မှာတရွေ့ရွေ့။ဘေးနားကိုတစ်ချက်ကြည့်လိုက်မိတော့ ချစ်ရပါသောအသည်းညှာမှာ ပါးစပ်လေးဟကာ အိပ်မောကျနေလေရဲ့။သူပြုံးလိုက်မိသည်။ကလေးလေးတစ်နေ့လုံးပင်ပန်းသွားရှာပြီထင်ပါရဲ့။

'အင်း'

အသာပွေ့ချီလာရင်းကကုတင်ပေါ်ကိုခပ်ဖြည်းဖြည်းလေးချပေးလိုက်တော့ အင်းအဲလုပ်ကာဖြင့် မျက်လုံးလေးတွေကိုပွတ်သပ်ကာ နိုးလာလေသည်။

'ကျွတ် ကျွတ် အိပ် အိပ် ကိုကို့ကလေးလေး'

ကျောပြင်ကိုအသာပွတ်သပ်ပေးတော့ တစ်ဖန် မျက်လုံးတောက်တောက်လေးတွေကပြန်မှေးမှိတ်သွားတာကြောင့် သူအသည်းယားစွာဖျစ်ညှစ်လိုက်မိပြီးမှ ကုတင်ပေါ်ကနေခပ်ဖွဖွထဖို့ပြင်တော့ လက်ကိုလာဆွဲပြန်တဲ့ကောင်လေးကြောင့်

'ဘယ် ဝါး သွားမလို့လဲ'

'ကိုကိုအင်္ကျီလဲမလို့လေရံရဲ့ ဆက်အိပ်လေ ပင်ပန်းနေတယ်မလား'

မြို့ပြင်ကစက်ရုံကိုသွားရသည်ပင် အတော်ပင်ပန်းရတဲ့ကြားထဲ ပစ္စည်း အသစ်ထုတ်ကာနီးမှ အရောင်တွေမှားတာကတစ်ဖုံ မျိုးစုံကိုလွဲချော်နေတာမို့ လူလည်းအတော်ပင်ပြိုင်းနေလေပြီ။

'ဟင့်အင်း'

တဝါးဝါးသမ်းနေသေးတာတောင်မှငြင်းနေတာကြောင့် သူ ဆိုးပေလေးရဲ့ဆံပင်တွေကိုဆွဲဖွလိုက်မိသည်။

'ဘာကိုဟင့်အင်းလဲ အိပ်ချင်နေတာကို ပြန်အိပ်လိုက်ဦး'

ခေါင်းခါပြလေပြန်တာကြောင့်။

'ကဲ မအိပ်ဘူးဆိုတော့ ဘာလဲဗိုက်ဆာလို့လား'

'ဆာပါဘူး'

'ကိုကိုး'

'ဗျာ'

'ရေခဲမုန့် စားချင်တယ်'

ပခုံးပေါ်ခေါင်းတင်လာကာ အသံလေးကကညုတုတု အဲ့လိုအသံလေးနဲ့ ချွဲတာနဲ့တင် မိုးပေါ်ကကြယ်ကိုလိုချင်တယ်ဆိုရင်တောင်မှ ဘုန်းကြွယ်ဌေးတို့က ဟောဒီလိုဟောဒီလိုဝယ်ပေးလိုက်ဦးမှာ။

My First Love is💛Where stories live. Discover now