My First Love is💛21

17K 1.3K 38
                                    

ငါးလေးဟင်း ကြက်သားမွှကြော် အရွက်ကြော် သီးစုံချဉ်ရည်ဟင်း ငါးပိချက်နဲ့တို့စရာ သခွားသီးသေးသေးလေးတွေစိပ်ထားကာ ပြင်ဆင်ထားတဲ့ ထမင်းဝိုင်းလေး။

'သူဌေးလေး ထည့်စားနော်'

ပြောရင်း ကြက်သားမွှကြော်တွေကို ပန်းကန်ထဲထည့်လာပေးတာကြောင့် သူပြုံးလိုက်မိသည်။ဒီလိုမိသားစုထမင်းဝိုင်းလေးနဲ့ ဝေးနေခဲ့တာကြာပြီ။

'ဟုတ် အဒေါ်'

ထမင်းလုတ်ခပ်ကြီးကြီးတစ်လုတ်ကို ပါးစပ်ထဲထည့်လိုက်တော့ အဒေါ်က သဘောကျသလိုရယ်လေသည်။

'အဒေါ်က တကယ် လက်ရာကောင်းတာပဲ'

သီးစုံချဉ်ရည်ဟင်းနဲ့ ကြက်သားမွှကြော်လေးက တကယ်ကိုလိုက်ဖက်ကာ ထမင်းမြိန်စေသည်။

'အေးကွယ်စားစား သူဌေးလေး ရော့ ထည့်စား'

ကြက်သားမွှကြော်တွေကို ပန်းကန်ထဲထည့်ပေးလာပြန်တာကြောင့် သူပြုံးလိုက်လေသည်။

ခစားရံ အရှေ့မှာ Bossစားတာကိုကြည့်ပြီး သဘောကျကာဟင်းထည့်ပေးနေတဲ့အမေနဲ့ အားရပါးရစားနေတဲ့Bossတို့ကို အပြုံးလေးနဲ့ ကြည့်နေမိသည်။အဆင်ကိုပြေနေကြတာပဲ။ဘေးနားက ရေကရားလေးထဲက ရေတွေကို ဖန်ခွက်လေးနဲ့ထည့်ပြီး သူBossဘေးမှာချပေးလိုက်တော့ လူကိုကြည့်လာလေသည်။

'ရေသောက်ဖို့'

'အင်း ကျေးဇူး'

ပြုံးရင်းခေါင်းငြိမ့်ပြလာလေသည်။

'သူဌေးလေး ချဉ်ရည်ဟင်းလေးလည်းစား အသီးအနှံတွေကအဒေါ်ခြံထဲက ခူးလာတာ'

'ဟုတ်ကဲ့ အဒေါ်လည်းစားလေ'

ပြောရင်းဟင်းခတ်ထည့်ပေးနေတဲ့Boss။ခစားရံ သဘောကျစွာပြုံးလိုက်မိသည်။

'ကျွန်တော်လည်းရှိသေးတယ်သိလား'

တစ်ယောက်နဲ့တစ်ယောက် လောကွတ်ချော်နေကြတာ သူ့အသံကြားမှ

'အဒေါ်ရေ တစ်စုံတစ်ယောက်ကတော့ မနာလိုဖြစ်နေပြီထင်တယ်'

'ဟုတ်ပါ့ သူဌေးလေးရေ'

တဟားဟားအော်ရယ်နေတဲ့ Bossနဲ့အမေဖြစ်သူကိုကြည့်ကာ ခစားရံ ခေါင်းလေးခါရင်းပြုံးလိုက်မိသည်။

My First Love is💛Where stories live. Discover now