My First Love is💛13

20.1K 1.5K 72
                                    

'Boss'

ကြားလိုက်ရတဲ့ဂျာကြီးရဲ့Bossဆိုတဲ့အသံကြောင့် အလုပ်စားပွဲမှာDesignဆွဲနေရာကနေ ခေါင်းထောင်ကာကြည့်လိုက်မိသည်။

'Boss!'

တကယ်ပဲBossပင်။မလာစဖူးရောက်လာတဲ့ Bossကြောင့် ဌာနကလူတွေမှာလည်း ကြောင်အမ်းအမ်းဖြစ်နေကြသည်။လာမယ်လို့လည်းမကြားမိပါ။လာမယ့်လာတော့လည်း ရုတ်တရက်ကြီး တစ်ယောက်တည်းရောက်ချလာသည်။

'Boss ဘာကိစ္စများရှိလို့ပါလဲခင်ဗျ'

ဂျာကြီး၏အမေးကြောင့် ဂျာကြီးကိုတစ်ချက်ကြည့်ကာ ထို့နောက်အကြည့်တွေက ကိုယ့်ဆီသို့ရောက်လာသည်မို့ သူအကြောင်သားလေးBossကိုပြန်ကြည့်နေမိသည်။

'ဪ ဘာရယ်မဟုတ်ပါဘူး Designတွေ နက်ဖြန်အပြီးလုပ်ထားဖို့လာပြောတာ'

ပြောသာပြောနေတာ အကြည့်တွေက ကိုယ့်ဆီမှာ။

ဂျာကြီးကတော့ သတိထားမိပုံမပေါ်ပေမဲ့ ကျန်တဲ့အစ်ကိုတွေရဲ့လားရာက Bossစိုက်ကြည့်နေတဲ့ကျွန်တော့်ထံသို့ ရောက်လာသည်မို့ ခေါင်းလေးငုံ့ထားလိုက်မိသည်။

'ဟုတ်ကဲ့Boss ကျွန်တော်တို့အပြီးလုပ်ထားပါတယ်Boss'

'ဪ အင်း'

'ဟို ဒါနဲ့လေBoss အဲ့ကိစ္စက မနေ့ကအစည်းအဝေးမှာ Bossပြောပြီးသွားပါပြီခင်ဗျ'

'ဟမ်!ဪ အင်း ဟုတ်တယ် နောက်တစ်ခါပြန်ပြောတာ မေ့နေမှာစိုးလို့'

'အာ ဟုတ်ကဲ့ ဒါများBossရယ်အပင်ပန်းခံလို့ ဖုန်းဆက်လိုက်တာမဟုတ် ဌာနကိုတကူးတကလာနေရတာ'

'ရပါတယ်'

ဂျာကြီးကလည်း အလိုက်သင့်လေးခေါင်းငြိမ့်ရင်း ဒီတိုင်းမတ်တပ်ရပ်နေဆဲဖြစ်တဲ့ Bossကြောင့်။

'ဟို Bossထပ်ပြီး ဘာများမှာစရာရှိပါသေးလို့လဲခင်ဗျ'

'ဟမ် ဘာမှမှာစရာမရှိတော့ပါဘူး ဒါနဲ့'

'ခစားရံ!'

ခေါ်သံကြောင့်သူခေါင်းလေးမော့ကာ ကြည့်လိုက်လေသည်။

'ဟုတ်ကဲ့Boss'

'မင်းComputerကျွမ်းတယ်မလား'

'ဗျာ!ဟုတ်'

My First Love is💛Where stories live. Discover now