My First Love is💛22

16.9K 1.2K 27
                                    

'ကိုကို'

သူ့အသံကြားလို့ထင် ဖုန်းပြောနေရင်းကနေ အနောက်ကိုလှည့်ကာပြုံးပြီး ကြည့်လာတာကြောင့် သူပြန်ပြုံးပြလိုက်ရင်း။

'ဘယ်သူနဲ့ ပြောနေတာလဲ'

'အိမ်ကဖုန်းဆက်တာ နောက်အပတ်လောက် ပြန်လာမယ်ဆိုလို့'

ဖုန်းကိုဘောင်းဘီအိတ်ထဲထည့်ကာ လူကိုပွေ့ဖက်လာလေသည်။

'ဟုတ်လား အင်း'

'ရံ ကိုကိုပင်ပန်းနေတယ်'

လည်ပင်းကိုနှာခေါင်းနဲ့ မထိတထိလုပ်ကာပြောလာတာကြောင့် အတန်ငယ် ယားကျိယားကျိ။

'ယားတယ်ဗျ'

'ဟိ ကိုကိုတော်တော့လို့ တကယ်ယားတာ'

'ပြွတ်စ်'

'ဟာ ကိုကို!'

'မွ'

'ကိုကိုဗျာ တကယ်အသားယူတယ်'

တဟားဟားအော်ရယ်ကာ အနားကပ်လာပြန်တဲ့ နှုတ်ခမ်းတစ်စုံကြောင့်

လက်၂ဖက်ကိုနှုတ်ခမ်းပေါ်အမြန်အုပ်ရင်း ပြူးကြောင်ကြောင်နဲ့ကြည့်မိတော့ မျက်လုံးတွေလခြမ်းပုံလေးဖြစ်သွားတဲ့အထိ သဘောတကျရယ်ပြန်သည်။အချိန်တိုင်းကို သူ့အပြုံးတွေက နှစ်လိုဖွယ်ကောင်းနေတော့ပြန်သည်။

ဆံပင်တွေကိုဆွဲဖွကာ နှုတ်ခမ်းပေါ်အုပ်ထားတဲ့လက်ဖမိုးပေါ် သူအနမ်းခပ်ဖွဖွပေးလာတဲ့အခါ လက်တွေနဲ့အုပ်ထားတဲ့ နှုတ်ခမ်းတစ်စုံကို ယောင်ယမ်းကာကိုက်လိုက်မိသည်။

အရမ်းမပြုစားပါနဲ့ ကျွန်တော့်ရဲ့သခင်။ကျွန်တော်အရူးရင့်လာပြီး ကုဆေးမရှိလောက်အောင် ခင်ဗျားကိုချစ်တဲ့ အချစ်ရူးဖြစ်တာမမြင်ချင်ပါနဲ့...။

'ကိုဘုန်း'

ကြားလိုက်ရတဲ့အသံကြောင့် အာလူးကြော်ထုပ်တွေကို ဆွဲခြင်းထဲထည့်နေရင်းကနေ လှည့်ကြည့်လိုက်မိသည်။

'ဪ မေ'

သူမ...။လူတွေသိတဲ့ Bossရဲ့သက်ဆိုင်သူ။

သူBossကိုင်ထားတဲ့ဆွဲခြင်းကိုယူလိုက်တော့ Bossကသူ့ကိုကြည့်လာလေသည်။သူပြုံးလိုက်ရင်း။

My First Love is💛Nơi câu chuyện tồn tại. Hãy khám phá bây giờ