My First Love is💛11

18.9K 1.5K 44
                                    

တိုက်ခန်းတံခါးကိုသော့ပိတ်နေတုန်းကြားလိုက်ရတဲ့တံခါးဖွင့်သံကြောင့်သူအနောက်ကိုလှည့်ကြည့်လိုက်မိသည်။တံခါးလက်ကိုင်ကိုကိုင်ထားလျက်နဲ့ Boss ဟာသူ့ကိုစိုက်ကြည့်နေသည်ကိုတွေ့လိုက်ရတာကြောင့် ခေါင်းကိုငုံ့ကာနှုတ်ဆက်လိုက်ပြီး တံခါးကိုသာသော့သေချာပြန်ခတ်နေလိုက်သည်။

'ဟို'

ထွက်လာတဲ့Bossရဲ့အသံ။

'မနေ့က အိမ်ကောင်းကောင်းပြန်ရောက်ရဲ့လား'

သက်ပြင်းဖွဖွကိုမသိမသာခိုးချရင်း Bossနဲ့မျက်နှာချင်းဆိုင်ပြန်လှည့်ကာ။

'ဟုတ်ကဲ့ မနေ့ကဘတ်စ်ကားကသိပ်မစောင့်ရဘူးBossရဲ့'

သူပြုံးရင်းပြန်ဖြေလိုက်လေသည်။ဘာမှမဖြစ်ခဲ့သလို ဘာမှမသိခဲ့သလို။

'ဪ'

တိတ်ဆိတ်သွားပြန်တဲ့အခြေအနေက ဘာလို့များကျွန်တော်တို့၂ယောက်ကြားခဏခဏကြုံနေရပါလိမ့်။မရှိရှိရာစကားရှာပြီးပြောချင်စိတ်လည်းမရှိတာမို့။

'ဟို ဒါဆို ကျွန်တော့်ကိုသွားခွင့်ပြုပါဦး Boss'

လွယ်ထားတဲ့အိတ်ရဲ့ကြိုးကို ခပ်တင်းတင်းဆုပ်ကိုင်ရင်း Bossအရှေ့ကနေ အမြန်ထွက်သွားဖို့ကြံမိပြန်သည်။

'နေဦး'

ခြေလှမ်းတို့သည်တုန့်ခနဲ။အဲ့လောက်ထိ ကိုယ်ကသူ့စကားတွေကိုနာခံတတ်နေတာလား။

'ဒီနေ့ညနေ'

နောက်ကိုလှည့်မကြည့်မိဘဲလှေကားလက်ရန်းတွေကိုသာကိုင်ထားလျက်နဲ့နားထောင်နေမိသည်။

'အားလား'

ဟင်!

'မနေ့က ငါ့မွေးနေ့သိတယ်မလား အဲ့ဒါ ဒီညနေ မင်းကိုမုန့်လိုက်ကျွေးမလို့ မင်းအချိန်ပေးနိုင်မလား'

သူBossကိုလှည့်ကာကြည့်မိတော့ အပြုံးခပ်ဖွဖွလေးကို Bossမျက်နှာမှာတွေ့လိုက်ရလေသည်။အမှန်တော့ ငြင်းပစ်လိုက်ချင်ပေမဲ့ သူ့ရဲ့မပီမမြင်ထိုအပြုံးအောက်မှာကျရှုံးမိပြန်ပါသည်။

'ဟုတ် ကျွန်တော်အားပါတယ်'

'အင်း ဒါဆိုရုံးဆင်းရင် ငါနဲ့အတူတူပြန်မယ်နော်'

My First Love is💛Where stories live. Discover now