My First Love is💛29💔

15.6K 1.2K 168
                                    

'ဘယ်သူလဲ'

မျက်လုံးတွေကို အနောက်ကနေ အုပ်မိုးလာတဲ့သူဟာ ဘယ်သူမှန်း သူသေချာသိနေပေမဲ့ လေသံခပ်မာမာနဲ့ မေးလိုက်မိသည်။

'ဘယ်သူလို့ထင်လဲ'

နား နားကိုကပ်ကာ ခပ်ဖွဖွမေးလာလေတဲ့အသံ။နှုတ်ခမ်းတွေကို ခပ်တင်းတင်းကိုက်ချလိုက်မိသည်။

'Bossမလား'

'ဘာလဲကွာ လန့်လည်းမလန့်ဘူး အခုလည်း ကိုကိုမှန်းသိနေပြန်ပြီ'

မျက်လုံးတွေကိုဖုံးအုပ်ထားတဲ့ လက်တွေကိုဖယ်လိုက်ကာ အလိုမကျစွာပြောလာတဲ့သူ့စကားသံ။ရယ်မောကာဆိုးနွဲ့ခွင့်ပေးချင်မိပေမဲ့။

'ရံ ဘာဖြစ်နေတာလဲ'

ဘာမှပြန်မပြောဘဲ သူ့ကိုကျောပေးကာ စားပွဲခုံပေါ်က စာရွက်တွေကိုသိမ်းနေတဲ့ သူ့ကိုဘာမှမသိစွာ မေးလာလေသည်။

'ရံ ကိုကို့ကို စိတ်ဆိုးနေတာလား'

'မဆိုးဘူး'

ပုံမှန်အချိန်ထက် ပိုတင်းမာနေတဲ့ ကိုယ့်အသံက သိသိသာသာ။

'မဟုတ်ပါဘူး ရံတစ်ခုခုဖြစ်နေတယ်မလား ကိုကို့ကိုပြောလေ ရံဘာတွေအလိုမကျဘူးလဲဆိုတာ'

'ကျစ်!ဒုက္ခပဲ စိတ်မဆိုးပါဘူးလို့ ကျွန်တော်ခင်ဗျားကိုပြောနေတယ်လေ'

သူ့ဘက်ကိုလှည့်ကာ စိတ်မရှည်သလို ပြောလိုက်မိသည်။မကြည့်ဖို့ကြံရွယ်ထားပေမဲ့ မနေနိုင်စွာ သူ့မျက်နှာကို မျက်တောင်တစ်ခတ်စာလောက်လေး ကြည့်လိုက်မိသည်။အံ့သြနေတဲ့ သူ့မျက်နှာ။လူကိုအကြောင်သားလေး ကြည့်နေတဲ့ သူ့မျက်နှာ။မဖြစ်ဘူးကိုကို!ကျွန်တော့်ဆုံးဖြတ်ချက်တွေ ယိုင်နဲ့အောင် မရိုက်ချိုးချင်ပါနဲ့။

'ခင်ဗျား? ရံ ဘယ်လိုခေါ်လိုက်တာ'

တစ်ခါမှခင်ဗျားဆိုတဲ့အသုံးအနှုန်းကို မသုံးနှုန်းဖူးတဲ့သူက ခင်ဗျားတဲ့လား။မဟုတ်ပါဘူး နားကြားမှားတာပဲဖြစ်မှာပါ။ရံက သူ့ကို ခင်ဗျားလို့ ခေါ်စရာအကြောင်းမှမရှိတာ။သူ့ကလေးငယ်ဟာ ဘယ်လောက်တောင် လိမ္မာလိုက်သလဲ။

'ကြားတဲ့အတိုင်းပဲ ခင်ဗျားလို့ခေါ်လိုက်တာလေ'

နှုတ်ခမ်းတွေကို ခပ်တင်းတင်း စေ့ပိတ်ထားလိုက်မိသည်။လွယ်ကူမနေခဲ့ပါဘူး။သူ့ရင်ကိုနာကျင်အောင်ဖန်တီးနေတဲ့သူက ကိုယ်ကိုယ်တိုင်ဖြစ်နေတဲ့အခါ။

My First Love is💛Where stories live. Discover now