My First Love is💛8

21.9K 1.7K 41
                                    

ပါးစပ်ထဲကိုထမင်းတစ်လုတ်ပြီးတစ်လုတ် အားရပါးရသွပ်နေတဲ့အချိန် အရှေ့မှာလာရပ်တဲ့လူရိပ်ကြောင့် ဇွန်းလေးကိုက်ရဲ့သားနဲ့ သူမော့ကြည့်မိတော့။

'အဟွတ် အဟွတ်'

ထမင်းကိုပလုတ်ပလောင်းစားသောက်နေတဲ့အချိန် ကိုယ့်အရှေ့ကိုဆိုက်ဆိုက်မြိုက်မြိုက်ရောက်လာပြီး လူကိုစိုက်ကြည့်နေတဲ့ Bossကိုမြင်ပြီးသကာလ အတင်းထိုးထည့်ထားတဲ့ပါးစပ်ထဲကထမင်းတွေတောင်ပြန်ထွက်ချင်မိသွားသည်။

'ရရဲ့လား ရော့ရော့ ရေသောက်'

ဘေးနားကိုချက်ချင်းရောက်လာကာ ကျောကုန်းကိုထုရင်း ရေဘူးကိုကမ်းပေးလာတာကြောင့် သူBossလက်ထဲကရေဘူးကို အမြန်ယူကာမော့သောက်လိုက်လေသည်။

'အဟွတ် ရပြီBoss'

ကျောကုန်းကိုထုနေတဲ့လက်တွေက ထိုအခါမှ ရပ်သွားလေသည်။

ဟူး... ထမင်းနင်တာမသေဘဲ အဆုတ်ကွာပြီး သေမယ့်အဖြစ်တွေ။

'ဖြည်းဖြည်းစားတာမဟုတ်ဘူး ဘယ်သူလုစားမှာမို့လို့လဲ'

'ကျွန်တော်ဗိုက်ဆာနေလို့ပါ'

ကိုယ့်ဘာသာကိုယ်စားနေတာအကောင်း။ လက်ကြီးနောက်ပစ်မတ်တပ်ကြီးရပ်ပြီး အရှေ့တည့်တည့်ကလာကြည့်နေတာဘယ်သူလဲဗျ။

'ဆက်စားလေ'

'ဗျာ!'

'မင်းဗိုက်ဆာနေတယ်ဆို ဆက်စားလို့'

ခုံပေါ်ကိုမေးထောက်ကာဆိုလာပြန်တဲ့Boss။

'ဟိုBossရော မစားဘူးလား'

'ငါကဗိုက်မဆာဘူး ဗိုက်ဆာလာအောင် မင်းစားတာထိုင်ကြည့်မယ် စား'

'ဗျာ!'
ကျွန်တော်စားတာကိုထိုင်ကြည့်နေမှတော့ကျွန်တော်ကဘယ်လိုစားရမှာလဲလို့။

'မဗျာနဲ့ စားစရာရှိတာစား'

'ဟုတ်'

မအီမသာနဲ့ခေါင်းတစ်ချက်ငြိမ့်ပြကာ ကိုယ်ကို အနည်းငယ်မသိမသာစောင်းကာ Bossကို အတန်ငယ်ကျောပေးရင်းထိုင်လိုက်သည်။ ဘေးတစ်ဖက်ကိုလှည့်ကာ ထမင်း၂ဇွန်းကို ဆက်တိုက်ပါးစပ်ထဲထည့်လိုက်ရင်း Bossဘက်ခေါင်းလေးစောင်းကာကြည့်မိတော့ ခုနကအတိုင်း မေးထောက်ကာငေးနေဆဲ။ဒုက္ခပါပဲ လူကသူနဲ့နီးနီးကပ်ကပ်နေရတိုင်း သေမလိုရင်ထဲမှာစစ်ဖြစ်ပါတယ်ဆိုမှ ဒီBossဟာ အလိုက်မသိဘယ်လိုတောင်လာကြည့်နေတာပါလိမ့်။

My First Love is💛Tempat cerita menjadi hidup. Temukan sekarang