My First Love is💛20

17.3K 1.2K 45
                                    

'ကိုကိုအရမ်းလေးနေလား'

'မလေးပါဘူး ကလေးလေးလို့လား ပေး ကိုကိုသယ်ပေးမယ်'

'မဟုတ်တာ အဝတ်အစားအိတ်ကပေါ့ပေါ့လေး ရတယ် ကိုကို လေးနေမှာစိုးလို့ ကျွန်တော့်ကို တစ်ဝက်ပေးပါလား'

အမှန်တော့၂ရက်ထဲနေမှာမို့ အဝတ်အစားထုပ်ကမလေးသော်လည်း Bossလက်ထဲမှာကလက်ဆောင်ထုပ်တွေ။ကျွန်တော်ဝယ်ထားတာရော သူဘယ်အချိန်ကဝယ်ထားမှန်းမသိတဲ့ လက်ဆောင်တွေရောမုန့်ထုပ်တွေရောနဲ့ လေးနေရှာမှာ။

'ရပါတယ်ဆိုကွာ ဒီလောက်ကတော့ အပျော့ပဲ'

'အင်းပါ ကျွန်တော်က လေးနေမှာစိုးလို့ပါ'

'မလေးဘူး စိတ်မပူနဲ့ တကယ်ပြောတာ ကလေးကိုတောင် ကုန်းပိုးသွားလို့ရသေးတယ်'

'ပိုပြီ'

'မပိုပါဘူး မယုံရင် အခုတက်မလား'

'တက်ပါဘူး'

တစ်ယောက်တစ်လှည့် စကားနိုင်လုကာ ကလူကျီဆယ်နေတဲ့ စုံတွဲလေးနဲ့ ရွာလမ်းလေးဟာအသက်ဝင်လို့။

'သူဌေးလေး ငါးခြောက်ဖုတ်လေး စားပါဦး'

ပြောလာတဲ့တစ်ဦးတည်းသောယောက္ခမလောင်းကြီးရဲ့စကားကြောင့်။

'ဟုတ်ကဲ့ ရပါတယ်အဒေါ်'

ဘုန်းကြွယ်ဌေးပြုံးကာ ပြန်ပြောလိုက်ရင်း သက်ပြင်းဖွဖွကို ခိုးချလိုက်မိသည်။အကြောင်းမူကား သူ့ဘေးမှာပတ်ပတ်လည်ဝိုင်းကာ လူကိုအထူးအဆန်းလိုကြည့်နေကြသော ရွာသားများကြောင့်ပင်။သူ့မှာအထုပ်တွေပိုက်ပြီး ဒီတိုင်းငုတ်တုတ်လေး စိုက်ကြည့်နေတဲ့မျက်လုံးတွေကြား ချွေးတောင်ပြန်လာသလို။
သူ့အဖြစ်က ဝိုင်းကြည့်ခံနေရတဲ့ မျောက်ကလေးအတိုင်း။ဟိုကောင်လေးကတော့ ရောက်တာနဲ့ခြံဝခြေချတုန်းပဲရှိသေး ကလေးတစ်သိုက်ကဝိုင်းဆွဲပြီးဘယ်ကိုဆွဲခေါ်သွားမှန်းမသိ။ကိုယ့်မှာတောင် အဒေါ် အိမ်ပေါ်ခေါ်လာလို့။

'သူဌေးသားလို့မပြောရဘူး နုဖပ်ပြီး ဖွေးဆွတ်ချောနေတာပဲ'

'ဟုတ်ပါ့တော် ရုပ်ကလေးက Koreaမင်းသားလေးကျနေတာပဲ'

My First Love is💛Wo Geschichten leben. Entdecke jetzt