Just Sailing(Final extra)

5.3K 297 20
                                    

အမြဲတမ်း...ထာဝရ...အချစ်...ပျော်ရွှင်မှု။

အမှန်တော့ မမြဲခြင်းတွေပဲဆိုတာ ငါသိပါတယ်။သူတို့ကပြောတယ်အချစ်ခံရတိုင်း လည်းမပျော်သင့်သလို အမုန်းခံရတိုင်းလည်း ဝမ်းမနည်းသင့်ဘူးတဲ့။ဒါပေမဲ့ ဘယ်သူကများအချစ်ခံရတိုင်းမပျော်ဘဲနေမိလိမ့်မလဲ။
လူတွေရဲ့ဒဿနတွေကို ငါလိုက်မစဉ်းစားတော့ပါဘူး ဒီတိုင်း ဒီတိုင်း ငါ့ရဲ့ပျော်ရွှင်ရာဆီကိုပဲငါရွက်လွှင့်လိုက်တယ် ကံကောင်းထောက်မစွာနဲ့ ငါ့အတွက် စစ်မှန်တဲ့လူတစ်ယောက်တော့ ရှိနေပါစေ။

*****

'ဘာတွေတွေးနေတာလဲ ကောင်ကလေးရဲ့'

ဝရန်တာကပန်းပင်တွေကြား ငုတ်တုပ်လေးထိုင်ရင်း ငေးမိငေးရာတွေးမိ တွေးရာတွေးနေတဲ့ ခစားရံတစ်ယောက် ဘုန်းကြွယ်ဌေးရဲ့အသံကြားမှ အတွေးလွင့်လွင့်တို့အား အမြန်စုစည်းလိုက်မိသည်။

'ကိုကို'

'အင်း ပြောဗျာ'

'ကျွန်တော်လေ'

မျက်နှာလေးမသာမယာနဲ့ ပြောလာတာကြောင့် ဘုန်းကြွယ်ဌေးရဲ့မျက်ခုံးတန်းတို့အနည်းငယ်တွန့်ချိုးလာစပြုလေသည်။
သူ့အသည်းငယ်ဟာ ဘာတွေများ ပူပန်သောကရောက်နေပြန်ပါလိမ့်။

'ကျွန်တော် ရင်ထဲမကောင်းဘူး'

သက်ပြင်းဖွဖွချလို့ခေါင်းလုံးလုံးလေးဟာ ရင်ခွင်ထဲမှီသက်လာလေသည်။

'ဘာဖြစ်လို့လဲရံ မှန်း နေမကောင်းများဖြစ်ချင်လို့လား'

အခုတလောအရင်ကနဲ့မတူအရမ်းငြိမ်ကျလာတဲ့ကောင်လေးအား သူသတိထားမိနေတာကြာပြီ။

'ဒီတိုင်း အလိုလိုနေရင်း ဝမ်းနည်းလာသလိုပဲ'

တလောက ဖျားပြီးတည်းက အရှင်းမပျောက်သေးတာကြောင့် နေဝင်ရီတရော ညလေအေးကြောင့် အေးစက်နေတဲ့ရံ့ရဲ့လက်မောင်းလေးတွေကို သူ့လက်တွေနဲ့ထွေးပိုက်ထားလိုက်လေသည်။

'ကျွန်တော် ဘာတွေကို တွေးကြောက်နေမိမှန်းမသိဘူး ဟိုစာအုပ်ထဲမှာရေးထားတဲ့ မမြဲခြင်းတရားတွေကိုကြုံရမှာကို ကျွန်တော်ကြောက်တယ်'

My First Love is💛Donde viven las historias. Descúbrelo ahora