My First Love is💛14

19.1K 1.4K 29
                                    

~လူကြီးမင်းခေါ်ဆိုသောတယ်လီဖုန်းမှာ သတ်မှတ်ချိန်အတွင်းပြန်လည်ဖြေကြားခြင်းမရှိပါသဖြင့် ခေတ္တစောင့်ဆိုင်းပြီးမှပြန်လည်ခေါ်ဆိုပါရှင်~

ကြားနေရတဲ့operatorအသံကထပ်ခါထပ်ခါပင်။ဒီလောက်အခေါက်ရေတွေအများကြီး ခေါ်နေတာတောင်မှ တစ်ခေါက်တောင်ဖုန်းကိုင်မလာတဲ့ ထိုကောင်လေးအား သူစိတ်ဆိုးချင်မိပါသည်။ဒါပေမဲ့လည်း ဘာများဖြစ်နေလို့များလဲလို့တွေးမိပြန်တော့ လူကစိတ်ပူသည်က ပိုလာပြန်တာမို့ ဖုန်းထပ်ခေါ်လိုက်ပေမဲ့လည်း ကိုင်သူမရှိတဲ့ဖုန်းကြောင့်...။

'ကျစ်!ဘာတွေလုပ်နေလို့ ဖုန်းမကိုင်ရတာလဲ ငါ့ကိုစိတ်ပူရအောင် လုပ်နေတာလားခစားရံ!'

နာရီကိုကြည့်လိုက်တော့ ၉နာရီထိုးဖို့၁၅မိနစ်အလို။ရုံးအပြန်မိုးများမိသွားလို့ဖျားနေမလား။အိပ်နေလို့များလား။လားပေါင်းများစွာနဲ့ ပူပန်နေမိသည်ကို ထိုကောင်လေးကတော့ သိနိုင်မည်မထင်။

ဒီနေ့ ညနေအစည်းအဝေးသာမရှိရင် အတူတူပြန်လို့ရမှာကို အခုတော့ ကြည့်ပါဦး။ဖုန်းလေးတစ်ချက်တောင် မခေါ်ထားတဲ့အပြင် ကိုယ်ခေါ်တော့လည်း သူကတစ်ချက်လေးတောင်မကိုင်။

'တကယ်ပဲဖျားနေလို့များလား'

မနေနိုင်မထိုင်နိုင်တွေးမိပြန်တော့ရင်ကပူလာရပြန်သည်။မနေနိုင်တဲ့အဆုံးလက်ထဲကဖုန်းကို ကုတင်ပေါ်ပစ်တင်လိုက်ကာ ခြေထောက်တွေရဲ့ ဦးတည်ရာသည် မျက်နှာချင်းဆိုင်က ကောင်လေးရှိရာတိုက်ခန်းသို့...။

Dingdong!Dingdong!

အချိန်အတန်ကြာသည်အထိလူခေါ်bellကိုနှိပ်နေသော်ငြားပွင့်မလာသောတိုက်ခန်းတံခါး။

'ဒီအချိန်တော့ အိပ်ဦးမှာမဟုတ်ပါဘူး တစ်ခုခုများဖြစ်နေလို့လား'

'ခစားရံ!ခစားရံ!!!'

ကြားနေရတဲ့ကိုယ့်နာမည်ကြောင့် ပိတ်ထားတဲ့မျက်လုံးတွေကို ဖြည်းညှင်းစွာဖွင့်လိုက်လေသည်။တစ်စတစ်စကြားနေရတဲ့Bossရဲ့အသံကိုပြတ်သားစွာကြားပြီးသကာလ အိပ်နေရာကနေထဖို့လုပ်လိုက်ပေမဲ့ ခေါင်းထဲမှာမိုက်ခနဲ။လည်ပင်းတွေကခြောက်ကပ်ကာကွဲရှနေသလို မျက်လုံးတွေကပူနေသလို ခံစားနေရတာ ကြောင့် ဖျားချင်နေမှန်း သူသိလိုက်လေပြီ။တူနဲ့ထုနေသလို တဒုန်းဒုန်းဖြစ်နေတဲ့ ခေါင်းကို လက်နဲ့ကိုင်လိုက်ရင်း အိပ်ရာပေါ်မှ ကုန်းထမိသည်။အပြင်မှာBossရောက်နေသည်မဟုတ်ပါလား။

My First Love is💛Where stories live. Discover now