Marry Me💜(extra-3)

15.1K 858 67
                                    

'ဟုတ်ကဲ့အန်တီ'

'ရံ!ရံ!'

'ဟုတ် ဒါဆို ကျွန်တော်ဖုန်းချလိုက်တော့မယ်နော်'

လက်ထဲကဖုန်းကိုအမြန်ချကာ အခန်းထဲသို့ပြေးရလေသည်။

'နိုးနေရင်လည်း ထတော့လေဗျာ'

ကုတင်ပေါ်မှာလူးလှိမ့်ကာ ကိုယ့်နာမည်ကိုတစာစာအော်နေတဲ့ ကလေးဆိုးကြီးသည် ကိုယ့်အသံကြားသည်နှင့် ခေါင်းထောင်ကာ တစ်ချက်ကြည့်လာလေသည်။

'ရံ ကိုကို့ဆီလာပါဦး'

ကုတင်ပေါ်ကနေ လက်၂ဖက်ကိုဆန့်တန်းထားရင်းက ပြောလာလေတာကြောင့်။

'Morning Kiss'

'မွ'

'အိပ်ရာကနိုးနေတာကို ထမလာဘဲနဲ့ အန်တီနဲ့ဖုန်းပြောနေတာကို အားနာဖို့ကောင်းတယ် ကိုကိုဟာလေ တကယ်ပဲ'

'ဘာလို့အားနာရမှာလဲ ကိုယ့်ယောက္ခမပဲကို'

'တော်တော်စကားတတ်နေ'

'မှန်တာပြောတာလေ ကိုကိုက ရံနှိုးမှထချင်လို့ကို'

'ဟုတ်ပါပြီဗျာအခုထတော့ဟုတ်ပြီလားကျွန်တော်ရုံးနောက်ကျလို့ ဒီတစ်ခါအစခံရရင် ကိုကို့ကိုစိတ်ကောက်မှာနော်'

'ဟားဟား စိတ်ကောက်ခံချင်လို့'

ခါးကိုဖက်ကာ ပခုံးပေါ်မေးတင်ရင်း ပြောလာပုံကိုက။

'ထတော့ ရေချိုးတော့ ကျွန်တော်မနက်စာလုပ်ထားပေးမယ်'

'ဟုတ်ကဲ့'

လက်ပိုက်ကာခေါင်းငြိမ့်ပြနေတာကြောင့် ခစားရံ ခေါင်းတစ်ချက်ခါကာရယ်လိုက်မိသည်။

'Morningခစားလေး'

'Morningပါအစ်ကိုတို့'

'ဒီနေ့စောလှချည်လားကွBossကဒီနေ့တော့စောစောသွားခွင့်ပြုတယ်ပေါ့'

'ဟာဗျာ'

ဝိုင်းစနေကြတာကြောင့် မျက်နှာလေးနီကာ ရှက်နေတဲ့ကောင်လေးကို ရုံးခန်းအပြင်မှငေးကြည့်ရင်းက ထွက်သွားတဲ့ကျောပြင်တစ်ခု။ထိုလူရဲ့ နှုတ်ခမ်းမှာ အပြုံးတစ်ခုနဲ့။

'ရံ'

'ဗျာ'

တွဲထားတဲ့လက်တစ်စုံကို ကြည့်နေရင်းကနေ သူ့ကိုမော့ကြည့်လိုက်တော့ ဘာမှမပြောဘဲ ပြုံးကာငေးကြည့်နေတာကြောင့်။

My First Love is💛Where stories live. Discover now