My First Love is💛31

15.6K 1.3K 67
                                    

'အာ Sorry'

ထမင်းကြော်ကိုထည့်ဖို့ဇွန်းကိုအယူ ကိုယ့်လက်အပြင် ဇွန်းပေါ်ကိုရောက်လာတဲ့လက်တစ်ဖက်ကြောင့် သူမော့ကြည့်လိုက်လေသည်။

'Sorry Boss'

ဇွန်းကိုကိုင်ထားတဲ့သူ့လက်ပေါ်ကနေ အုပ်ကာကိုင်မိထားတဲ့ ကိုယ့်လက်ကိုကိုယ်အမြန်ဖယ်လိုက်ရင်း သူစကားဆိုလိုက်လေသော်လည်း စကားတစ်ခွန်းမှပြန်မပြောဘဲ ထမင်းကြော်ထည့်ပြီးသည်နှင့် တစ်ခြားမနက်စာအတွက်ပြင်ဆင်ထားသည်များကိုသာ ပန်းကန်ထဲထည့်နေတဲ့သူကြောင့် သက်ပြင်းဖွဖွကိုချလိုက်မိသည်။ဒီလိုအခြေအနေရောက်အောင်ဖန်တီးခဲ့သူက ကိုယ်ကိုယ်တိုင်ဖြစ်နေပေမဲ့ လည်း ပြောင်းလဲသွားတဲ့အခြေအနေတစ်ရပ်ကို နေသားမကျသေးသူမှာလည်း ကိုယ်သာဖြစ်သည်။

'ဟေ့ရောင် ခစားရံ'

ရယ်မောကာမနက်စာစားနေကြတဲ့ သူမတို့၂ယောက်ကိုကြည့်နေမိတုန်း ခေါ်သံနဲ့အတူ နောက်စေ့ကိုပိတ်ရိုက်ခံလိုက်ရတာကြောင့် အစတည်းကပြူတစ်ပြူတစ်ဖြစ်နေတဲ့ ထွက်ချင်နေတဲ့ဒေါသတွေကိုပုံချဖို့ရာ အကြောင်းပြချက်ရှာတွေ့သွားလေသည်။

'သေနာလေး ငါဖုန်းဆက်တာလည်းမကိုင်ဘူး မင်းကမင်းဘဲကြီးနဲ့ အဆင်ပြေနေတယ်ဆိုပြီး ငါ့ပစ်ထား'

ဘုမသိဘမသိနဲ့သူပြောချင်တာဇွတ်ပြောနေတဲ့ သကောင့်သားအား ခေါင်းကိုအားရပါးရ ခေါက်ချပလိုက်တော့သည်။

'အ့ အား ဟေ့ရောင် အ့ ဘာလို့လာခေါက်တာလဲ'

သူ့ခေါင်းသူဖိကာ ပြောလာတဲ့သူရစိုးအား ဘုကြည့်တစ်ချက်ကြည့်ကာ ခက်ရင်းကိုကိုင်ရင်း ပန်းကန်ထဲကကြက်ဥကြော်ကို ထိုးဆွနေမိသည်။

'ဟေ့ရောင် မင်းရုပ်ကြီးကလည်း ဘီလူးကြီးရှောက်သီးသုပ်စားထားတဲ့အတိုင်းပဲ ငါတောင်ကြောက်လာပြီ'

'ကြောက်ရင်လည်း လာမကြည့်နဲ့ သွားတော့'

'ဖြည်းဖြည်းအော်ပါမင်းကလည်း စိတ်ကြီးပဲ ဒါလေးပြောတာဘာတွေဖြစ်နေတာလဲ ငါခရီးမသွားခင်ကတည်းကဖုန်းဆက်နေတာ ဖုန်းဘာလို့မကိုင်တာလဲ'

'ကိစ္စလေးတွေရှုပ်နေတာနဲ့ သတိမထားမိလိုက်ဘူး'

'ဪ အေးပါကွာ'

My First Love is💛Where stories live. Discover now