My First Love is💛30

15.5K 1.2K 131
                                    

'ဟာ ခစားလေးရောက်နေပြီလား ကားပေါ်တက်လေ'

ကျောပိုးအိတ်လွယ်ကာ တစ်ယောက်တည်းကြောင်တောင်တောင်နဲ့ ဘယ်သွားလို့သွားရမှန်းမသိနေတဲ့အချိန် ပြောလာတဲ့ဌာနကအစ်ကိုရဲ့စကားကြောင့်။

'ဟို ကျွန်တော်ဘယ်ကားကိုတက်ရမှန်းမသိလို့ ကိုခန့်'

'ဪ ငါ့ညီရယ်ဖြစ်ရမယ် အရှေ့ဆုံးကကားအနီကြီးတွေ့လား ဟိုးမှာ အဲ့မှာဌာနကလူတွေရှိတယ် အဲ့ကားကိုသွား'

လက်ညှိုးတထိုးထိုးနဲ့ညွှန်ပြတဲ့နောက်ကို သူလိုက်ကြည့်ရင်း ခေါင်းငြိမ့်ပြကာထိုကားဆီသို့သာလျှောက်လာလိုက်လေသည်။အမှန်တော့ ဒီခရီးကိုသူမလိုက်ချင်ပါ။တကယ်ကိုမလိုက်ချင်ပေမဲ့ ဌာနကလူတွေကြောင့် ငြင်းလို့မရခဲ့။ပြီးတော့ တစ်ခါတလေကံကောင်းရင် တစ်ကြိမ်လောက်ပဲဖြစ်ဖြစ် တွေ့ချင်နေမိတဲ့ ချစ်ရသူရဲ့မျက်နှာကို ငေးမောခွင့်လေးရလေမလားဆိုတဲ့ မျှော်လင့်ချက်မျှင်မျှင်လေးနဲ့ ဒီ အချိန်မှာ သူဒီနေရာကိုရောက်နေခဲ့ခြင်းပင်။

'ခစားရံ လာပြီလား လာလာ မင်းအတွက် ငါ့ဘေးနားမှာ ခုံယူထားတယ်'

လက်ကိုဆွဲကာပြောလာတဲ့ ဂျာကြီးရဲ့စကားကြောင့် သူတစ်ချက်ပြုံးရင်း ခေါင်းငြိမ့်လိုက်လေသည်။ဒါပေမဲ့အဲ့အပြုံးဟာ ကားပေါ်တက်တက်ချင်း မြင်လိုက်ရတဲ့အရှေ့ဆုံးခုံကလူ၂ယောက်ကြောင့် ရုတ်ချည်းဆိတ်သုန်းသွားခဲ့လေသည်။

သူမဘေးမှာထိုင်နေတာက ကျွန်တော့်ရဲ့။

သူ့ကိုငေးကြည့်နေတာကို သတိထားမိသည်ထင် ပြန်ပြီး ကိုယ့်ထံရောက်လာတဲ့မျက်ဝန်းတစ်စုံ။အမှန်တော့ ရှောင်လွှဲရမှာ။အဲ့မျက်ဝန်းတွေကို ရှောင်လွှဲရမှာမှန်းသိပေမဲ့ အကြည့်တွေကိုလွှဲဖယ်မို့ ၂ယောက်လုံးသတိမရခဲ့ကြပါ။ တစ်ယောက်နဲ့တစ်ယောက် အကြောင်းပြချက်မရှိစွာ ငေးကြည့်နေမိကြသည်။

အဲ့အကြည့်တွေထဲမှာ ဘာအဓိပ္ပာယ်မှရှိမနေ။ ချစ်ခြင်းလွမ်းခြင်းများလည်းမပါနေ။မုန်းတီးခြင်းလည်းမပါနေ။ဒီတိုင်း ဒီတိုင်းပဲ။မျက်ဝန်းတွေကတော့လားရာမပြောင်းနိုင်စွာ တစ်ယောက်နဲ့တစ်ယောက် ဖက်တွယ်နေကြတယ်ထင်ပါရဲ့။

My First Love is💛Where stories live. Discover now