My First Love is💛19

18.2K 1.4K 58
                                    

'Boss'

အခန်းထဲကိုခေါင်းလေးဝင်ပြီးကြည့်လိုက်တော့ တွေ့ချင်နေတဲ့လူကမရှိ။

'ဘာလဲ ရှိလည်းမရှိဘူး'

တစ်ယောက်တည်းရေရွတ်ရင်း သူBossရုံးခန်းတံခါးဝမှာရပ်နေမိသည်။

'နောက်မှပဲပြန်လာတော့မယ် အောင်မယ်လေး!'

အခန်းတံခါးကိုပြန်ပိတ်တုန်းရှိသေးခါးပေါ်ကိုထိလာတဲ့လက်တစ်စုံကြောင့်လန့်ကာအော်လိုက်မိသည်။လက်ပိုင်ရှင်က ဘယ်သူမှန်း သေချာသိနေသည်မို့။

'Boss!လူကိုလန့်ပြီး သေအောင် လုပ်နေတာလား'

Bossရဲ့ရယ်သံကိုကြားလိုက်ရသည်။

'လန့်သွားတာလား'

'သိရဲ့သားနဲ့'

'ဟုတ်ပါပြီ ကိုကိုတောင်းပန်တယ်'

ခစားရံပြုံးလိုက်ရင်း Bossဘက်ကို ကိုယ်ကိုလှည့်ကာ မျက်နှာမူလိုက်လေသည်။

'Boss'

'ဟင်'

'ဘယ်သွားနေတာလဲ'

'အစည်းအဝေးရှိတယ်လေဒီမနက် Shareဝင်တွေနဲ့ အဲ့ဒါသွားနေတာ'

'အာ ကျွန်တော်က Bossအပြင်သွားတာများလားလို့'

'မသွားပါဘူး ပြောစရာရှိလို့လား လာ အခန်းထဲဝင်ရအောင်'

'ဟုတ်'

'ဒါနဲ့ ရံ ဒီတစ်ခါပိတ်ရက် ဘယ်သွားမှာလဲ?'

'ဟင် ကျွန်တော်အိမ်ပဲပြန်မှာကိုကို အဲ့ဒါလေ'

ဆက်မပြောဘဲ သူ့ကိုကြည့်လာတဲ့ ကောင်လေးကြောင့်။

'အင်း'

'အဲ့ဒါ ဟို ကိုကို လိုက်လည်ချင်လားဟင်'

'ကိုကို့ကို အလည်ခေါ်နေတာလား'

ဘုန်းကြွယ်ဌေးပြုံးရင်း ဆံပင်လေးတွေကိုသပ်ပေးကာ ပြောလိုက်လေတော့ ခေါင်းလေးငြိမ့်ပြလေသည်။ကြာလေကြာလေ မြတ်နိုးလာလေ ဖြစ်လာတာလည်းအခက်သား။ အသည်းယားလွန်းလို့ ဘယ်လိုလုပ်ရပါ့မလဲ။

'ဟို ကိုကိုမအားလည်းရပါတယ် ကျွန်တော်က ဒီတိုင်း လိုက်စေချင်လို့ပါ ကျွန်တော်တို့ရွာလေးကအရမ်းလှလို့ ကိုကို့ကို တစ်ခါလောက်တော့ ခေါ်သွားချင်တာ အဲ့ဒါ'

My First Love is💛Where stories live. Discover now