Happy New Year Live💚(extra-5)

10.3K 511 55
                                    

'Hiကျွန်တော်ဘုန်းကြွယ်ဌေးပါ ဒါပထမဆုံးliveလွှင့်ဖူးတာပဲ အာ ဒီAngle က သိပ်မကောင်းဘူး Hello ကျွန်တော့်ကိုမြင်ရလား?အခု4နာရီ5မိနစ် ကျွန်တော်တို့ ခဏနေအပြင်သွားကြမှာ Special guestတစ်ယောက်နဲ့dinnerစားဖို့ရှိတယ်'

*Special guestဘယ်သူလဲ?*

*အာ ဦးဘုန်းကြွေပြီဗျာ*

*ရံလေးရော?*

*ဦးဘုန်း ရံရံရော?*

*ဦးဘုန်း အဲ့လောက်ချောမယ်မှန်း မထင်ခဲ့ဘူးWow*

'အာ ရံလား?သူရေချိုးနေတယ်'

*အိုက်စ် ရေချိုးနေတာလား*

*တူတူချိုးဘူးလား ဟိဟိ*

'ဟာ ကလေးမလေးတွေနော်'

*မချိုးချင်ဘူးလား*

'ချိုးချင်တာပေါ့'

*Haha ဦးဘုန်း ကလေးကိုဆွဲစားသင့်*

*ရံရံရေBrave yourselfပါ ခ်ခ်*

'ဟား ဟိုကကြားသွားမှဖြင့် ကျွန်တော့်ကလေးလေး ရှက်သွားပါဦးမယ်'

*အား Roနေပါပြီနော်*

*PaPaတို့သမီးတွေက FAအကြီးစားကြီးတွေပါနော် အားကျအောင် သိပ်မလုပ်သင့်*

'Sorryပါ ခဏလေး ကျွန်တော်ကုတင်ပေါ်က ထလိုက်ဦးမယ် ခဏလေးပါ ကဲ ဒီမှာ ဒါကကျွန်တော်တို့အခန်းရဲ့ဝရန်တာ နည်းနည်းတော့ကျဉ်းတယ်မလား အဖြူရောင်ပဲသုတ်ထားတယ် ရံကအဲ့အရောင်ကြိုက်တယ်ဆိုလို့'

*ဝါး ပန်းပင်လေးတွေနဲ့ ဘယ်သူစိုက်ထားတာလဲ*

*ကြယ်တွေထိုင်ကြည့်ကြတယ်ဆိုတဲ့ဝရန်တာလား?*

*ကျဉ်းပေမဲ့လှတယ်ရော*

'အင်း ဟုတ်တယ် ပန်းတွေက ရံရံစိုက်ထားတာ နေဦး ကျွန်တော်ပြမယ် ဒီဟာလေးအနီရဲရဲလေး အဲ့ဒါဘာလဲတော့မသိဘူး ရံ့အမေ ဝယ်ပေးထားတာ ဒီအစိမ်းအရွက်လေးတွေကခြင်ပြေးတယ်ပြောတာပဲ ရံပြောတာ ဒီအဆုပ်အဆုပ်အဖြူလေးတွေက ကျွန်တော်ကြိုက်လို့ရံစိုက်ထားတာ'

*ဟာ အားကျနေပါပြီနော်*

*တစ်ရက်လောက်အိမ်လည်ခေါ်ပါလားဟင်*

*တစ်ခါလောက်အိမ်လာလည်လို့မရဘူးလား*

'ဟား ရပါတယ် လာလည်ကြလေ ကျွန်တော်မုန့်လုပ်ကျွေးမယ်'

My First Love is💛Where stories live. Discover now