My First Love is💛9

21K 1.5K 53
                                    

'အား'

ငုံ့ထားရတာကြာနေပြီဖြစ်တဲ့ခေါင်းကို ဇက်ကြောတွေဘာတွေချိုးရင်း ပြီးသွားပြီဖြစ်တဲ့နောက်ဆုံးဆွဲထားတဲ့ဒေါက်ဖိနပ်ပုံလေးကိုတစ်ချက်ကြည့်လိုက်လေသည်။ Paperထက်မှာအခန့်သားနေရာယူထားတဲ့ ပန်းနုရောင်High Heelလေးကြောင့်နှုတ်ခမ်းအစုံကအလိုလိုနေရင်းတွန့်ချိုးလိုက်မိသည်။ ဆွဲထားတဲ့Designစာရွက်တွေကိုသိမ်းကာ fileထဲသေချာထည့် color pencilတွေကို ခွက်ထဲသေချာပြန်ထည့်လိုက်လေသည်။လက်မှာပတ်ထားတဲ့နာရီကိုကြည့်လိုက်မိတော့8နာရီထိုးဖို့၁၅မိနစ်အလို။ပုံမှန်ဆို ၅နာရီရုံးဆင်းပေမဲ့ မကြာခင်လာတော့မယ့် မိုးရာသီNew productအစည်းအဝေးအတွက်ထုံးစံအတိုင်းOver timeဆင်းဖို့ကျန်နေခဲ့ရခြင်းပင်။

အမှန်တော့အိမ်မှာဆွဲလည်းရပေမဲ့ ရုံးအပြန်တိုင်းစောင့်နေတတ်တဲ့Bossနဲ့ သူမျက်နှာချင်းမဆိုင်ရဲသေးသည်မို့ ကိုယ့်နည်းကိုယ့်ဟန်နဲ့ လှည့်ပတ်ရှောင်နေရခြင်းပင်။ကျွန်တော်ရှက်နေသေးတာမို့ Bossကပဲနားလည်ပေးမယ်မဟုတ်လား။

ကားဂိတ်မှာအတော်ကြာ ကားစောင့်နေပေမဲ့ လာသမျှBusကားတိုင်းသည် အိမ်ကိုမရောက်တဲ့ကားတွေချည်းဖြစ်နေတာမို့ လူကTaxiသာငှားပြီးပြန်ချင်စိတ်တောင်ပေါက်လာလေသည်။နောက်ထပ် ၁၅မိနစ်လောက်မှကားမလာရင်ကားငှားပြီးပြန်မယ်လို့တွေးလိုက်ရင်း ကားဂိတ်လေးမှာထိုင်အိတ်ကိုပိုက်ပြီး လာနိုးလာနိုးနဲ့မျှော်နေသော်ငြား တစ်စီးမှကိုမပေါ်လာတဲ့အပြင် တဖွဲဖွဲကျလာတဲ့မိုးစက်တွေကြောင့် လူကထီးမပါလာတာကိုစဉ်းစားမိတော့ သောက်ကျိုးနည်း စိတ်ဓာတ်တွေတောင်ကျသွားရတဲ့အဖြစ်။

ကားဂိတ်မှာ လူအနည်းငယ်သာရှိတော့သည်။Taxiငှားဖို့ မတ်တပ်လေးရပ်ကာလာတဲ့ကားငှားစီးမယ်လုပ်သော်လည်း မရပ်တဲ့ကားကတစ်မျိုးစျေးပိုတောင်းတဲ့ကားကတစ်မျိုးနဲ့ အဆင်ကမပြေ။မိုးဖွဲဖွဲကြားမှာကားငှားနေရတာ ကြာလာတော့လူကနှာတောင်ချေစပြုလာလေပြီ။

'ဒုက္ခပါပဲ ငါတော့ဒီနေ့အိမ်ပြန်ရောက်ပါတော့မလား ဟက်ချိုး'

နောက်ဆုံးတော့ ကားဂိတ်ကအမိုးအောက်ထဲပြန်ပြေးဝင်ရပြန်သည်။မိုးမိပြီးဖျားလို့ရုံးမတက်နိုင်ရင်မဖြစ်ဘူးလေ။

My First Love is💛Tahanan ng mga kuwento. Tumuklas ngayon