My First Love is💛15

18.7K 1.4K 58
                                    

'အင်း'

လက်၂ဖက်ကိုဆန့်တန်းကာ အပျင်းကြောဆန့်လိုက်လေသည်။တဝါးဝါးသမ်းရင်း မှိတ်ထားတဲ့မျက်လုံးတွေကို တဖြည်းဖြည်းဖွင့်လိုက်သည်။

'ဘယ်နှနာရီတောင်ရှိနေပြီလဲ'

'ဘုရား!၈နာရီခွဲနေပြီ'

အလန့်တကြားနဲ့ အိပ်ရာပေါ်မှ ငေါက်ကနဲ ထထိုင်လိုက်မိသည်။

ကျစ်!ခစားရံ နောက်ကျပြန်ပြီ။ငါတော့ အဆူခံရတော့မှာပဲ။

ဂျာကြီးရဲ့သာယာနာပျော်ဖွယ်နံနက်ချိန်ခါတေးသံသာကြီးကိုကြားရမှာစိုးတာကြောင့် ခြုံထားတဲ့စောင်ကိုဖယ်ကာကုတင်ပေါ်က ထမယ်အလုပ်။

'ဟမ်!ဒါငါ့စောင်လည်းမဟုတ်ဘူး'

နက်ပြာရောင်အိပ်ရာခင်းကိုလည်း သူ အခုမှသတိထားမိသည်။အကြောင်သားနဲ့အခန်းပတ်လည်ကိုမျက်လုံးတို့ဝှေ့ကြည့်ပြီးသကာလ မျက်လုံးအပြူးသားဖြစ်သွားရသည်။

'ဒါ ဒါBossအခန်း!!!'

ဒီဦးနှောက်ကလည်း အခုတလော မေ့တတ်ရန်ပါရော။

'ဒါနဲ့Bossရော'

တိတ်ဆိတ်နေတဲ့အခန်းထဲမှာ သူ တစ်ယောက်တည်းသာ။ညကBossဘယ်မှာအိပ်လဲမသိ။ ခစားရံရယ် Bossကိုအားနာစရာ။

'မဖြစ်သေးပါဘူး အိပ်ရာထပြီး Bossအတွက် မနက်စာလေးပဲဖြစ်ဖြစ်လုပ်ပေးမှပါ'

ကိုယ့်ဟာကိုယ်တစ်ယောက်တစ်ယောက်တည်းခပ်တိုးတိုးနဲ့ရေရွတ်လို့မှမဆုံးသေး။

'ဪ မင်းနိုးနေပြီကို'

'ဟုတ် Boss'

အခန်းထဲကိုဝင်လာတဲ့Boss။ရှေ့ဆံပင်တွေက နဖူးထက်မှာ ကပိုကရိုကျကာ ရှင်းသန့်နေတဲ့မျက်နှာနဲ့။အိပ်ရာထကာစ နံနက်ခင်းမှာတောင် ဒီလောက်ကြည့်ကောင်းနေစရာလိုလို့လားBossရာ။

'မှန်းစမ်း!အဖျားကောကျသွားပြီလား'

နဖူးပေါ်ကိုရောက်လာတဲ့Bossရဲ့ လက်ဖဝါးတစ်ဖက်ကြောင့် သူပြုံးလိုက်မိသည်။

'အင်း တော်သေးတယ် အဖျားကျသွားပြီ'

'မျက်နှာသစ် ပြီးရင် မနက်စာစားကြမယ်'

My First Love is💛Where stories live. Discover now