My First Love is💛32_2

18.6K 1.3K 133
                                    

နဖူး၂ခုကိုထိကပ်ထားရင်းမောဟိုက်နေတဲ့ ရင်ဘတ်တစ်စုံစီနဲ့တစ်ယောက်မျက်ဝန်းတွေကိုတစ်ယောက်စိုက်ကြည့်နေမိကြသည်။လူကိုစိုက်ကြည့်နေရင်းက တဖြည်းဖြည်း ဝတ်ထားတဲ့ ရှပ်အင်္ကျီအဖြူလေးရဲ့ကြယ်သီးတွေကို တစ်လုံးချင်းဖြုတ်နေတဲ့ သူ့လက်ချောင်းတွေ။

'ချစ်တယ် ပြွတ်စ်'

အင်္ကျီကျွတ်သွားတာနဲ့ ရင်ဘတ်ကနှလုံးသားရှိရာနေရာကို အနမ်းဖွဖွပေးလာတဲ့အခါ သူ့ခေါင်းကိုလက်၂ဖက်နဲ့ပွေ့ဖက်ထားလိုက်မိသည်။ကုတင်ပေါ်မှာ ခပ်ဖွဖွလှဲချကာ T-shirtကိုမကာဆွဲချွတ်နေတဲ့ သူ့ကိုကြည့်နေမိသည်။အင်္ကျီချွတ်ပြီးတာနဲ့ကုတင်ပေါ်မှာလှဲနေတဲ့ကိုယ့်အပေါ်ကိုဖိကာအုပ်မိုးလာတာကြောင့်ဗလာကျင်းနေတဲ့ရင်ဘတ်တွေကထိကပ်လျက် ကြားခံနယ်မပါတဲ့ နှလုံးသား၂ခုဟာထပ်တူကျကာစည်းချက်မှန်နေလေသည်။

'အွန်း'

နှုတ်ခမ်းတွေကိုနူးညံ့စွာ တစ်ဖန်နမ်းလာတာကြောင့် ဘယ်ညာအလိုက်သင့်ခေါင်းစောင်းရင်း သူ့အနမ်းတွေကိုလက်ခံနေမိသည်။လည်တိုင်တွေပေါ် အနီရောင်ပန်းတွေစိုက်ပျိုးနေရာကနေ ရင်ဘတ်ပေါ်ကပွင့်ဖတ်၂ခုကိုပါအနမ်းလွင်ပြင် ဖန်တီးလာတဲ့အခါ နှုတ်ခမ်းသားတွေကိုကိုက်ကာ သူ့ခေါင်းကိုအနည်းငယ်တွန်းဖယ်လိုက်မိသည်။

Ringing~~~Ringing~~~

အဆက်မပြတ်မြည်နေတဲ့ဖုန်းသံကြောင့် နဖူးကိုခပ်ဖွဖွတစ်ချက်နမ်းကာ အိပ်ရာပေါ်ကထသွားတဲ့ သူ့ကျောပြင်ကိုကြည့်ရင်း အခုန်မြန်နေတဲ့ကိုယ့်ရင်ကို လက်နဲ့ခပ်ဖွဖွဖိထားမိသည်။

'Hello မေ'

ကြားလိုက်ရတဲ့ အခေါ်အဝေါ်တစ်ခုကြောင့် သူကုတင်ပေါ်မှာထိုင်နေရာကနေ Bossကို ကြည့်လိုက်မိသည်။

'ဪ အင်း'

ဖုန်းပြန်ဖြေနေရင်းက ကိုယ့်ဘက်ကိုလှည့်ကြည့်လာတဲ့အခါ ငေးကြည့်နေမိရာမှ အကြည့်တွေကို ကပျာကယာလွှဲလိုက်မိသည်။

ကုတင်ဘေးကကြမ်းပြင်ပေါ်မှာ ပုံရက်သားလေးကျနေတဲ့ ရှပ်အဖြူလေးကိုကြည့်ရင်း သူတဖြည်းဖြည်းနဲ့ အသိပြန်ဝင်လာလေသည်။ ငါဘာတွေလုပ်နေမိတာလဲ?မဟုတ်ဘူးလေခစားရံ။ဒါမင်းလျှောက်ရမယ့်လမ်းမဟုတ်ဘူး။မင်းသူမကို ကတိပေးခဲ့တယ်လေ။အခု။ဟာ ငါကွာ!ဘာလို့မစဉ်းစားဘဲ စိတ်အလိုလိုက်နေရ တာလဲ။တောက်စ်။

My First Love is💛Where stories live. Discover now