The way you smile🌼💛(extra-8)

6K 369 21
                                    

'ခစားလေး မပြန်သေးဘူးလား'

'ဟုတ်ကဲ့ ကိုခန့် ကျွန်တော် ဒါလေးလက်စသတ်လိုက်ဦးမယ်'

'ကြိုးစားလှချည်လားကွ!'

ဂျာကြီးရဲ့ပြောသံကြောင့် ခစားရံသွားလေးဖြဲကာ နားရွက်ဖျားလေးကို ကုတ်လိုက်မိသည်။

'ကြိုးစားရတာပေါ့ဂျာကြီးရဲ့ မောင်တစ်ထမ်းမယ်တစ်ရွက်ဆိုတာ ရှိတယ်မလားဗျ ဟိဟိ'

'ဟာ အဲ့လိုမဟုတ်ပါဘူး ကိုမင်းကလည်းဗျာ'

'ဟားဟား ရှက်နေပြီရှက်နေပြီ'

လက်ညှိုးတထိုးထိုးနဲ့ လူကိုလိုက်စနေကြတဲ့ဌာနက အစ်ကိုများကြောင့် သူအရှက်ပြေရယ်လိုက်မိသည်။သူနဲ့ကိုကိုနဲ့အကြောင်းကိုသိပြီးတည်းက အစခံရတဲ့နေ့ရက်တွေဆိုတာ အခုလက်ထပ်ပြီး ၃နှစ်၃မိုးရှိတဲ့အချိန်ထိ မပြီးဆုံးနိုင်သေး။

'ကဲ ငါတို့သွားတော့မယ် ခစားရံရေ မိုးအရမ်းချုပ်တဲ့ထိ မနေနဲ့ဦး'

'ဪ ဂျာကြီးရယ် စိုးရိမ်နေပြန်ရော သူ့ကိုကိုက လာခေါ်မှာပေါ့ဗျ'

'ပြန်ပြီနော် ခစားလေး Bossကိုဖုန်းဆက်ပြီး လာစောင့်ဖို့ပြောလိုက်ဦးနော်'

လူရွှတ်အစ်ကိုတွေကြောင့် သူခေါင်းလေးခါကာ ရယ်လိုက်မိသည်။

'အဲ့ဒါကိုကို့ကြောင့်!သူများတွေရှေ့ အရမ်းအကဲပိုပြတာကို'

ပါးစပ်ကသာ တိုးတိုး တိုးတိုးပြောနေပေမဲ့ နှုတ်ခမ်းပါးလေးတွေကတော့ ပြုံးယောင်သန်းလျက်။

အတန်ကြာအောက်ငုံ့ထားရသည်မို့ လေးလံလာတဲ့ဇက်ကို ဟိုဘက်ဒီဘက်လှည့်ကာချိုးလိုက်ရင်း ဖြတ်ကနဲလင်းလာတဲ့ဖုန်းscreenကြောင့် ယူကာကြည့်လိုက်မိတော့ ကိုကို့ဆီကmsg။သူအဆာပြေစားဖို့ဝယ်လာတဲ့မုန့်နဲ့အတူ ပို့ထားတဲ့emojiလေးတွေရယ်စာလေးတွေရယ်ကြောင့် သူ့လက်ချောင်းတွေကို keyboardပေါ်အမြန်လှုပ်ရှားလိုက်မိတော့သည်။

'ရံ'

ခေါ်သံနဲ့အတူ တံခါးဝမှာခေါင်းလေးစောင်းကာ လူကိုကြည့်ပြီးပြုံးပြနေတဲ့သူ့ကြောင့် နှုတ်ခမ်းတွေဟာ ကော့တက်သွားရပြန်ပါတော့သည်။

My First Love is💛Where stories live. Discover now