My First Love is💛12

20.6K 1.5K 44
                                    

ချစ်တယ်။အချိန်တိုင်းပြောချင်နေပေမယ့် ငြီးငွေ့သွားမှာတန်ဖိုးမဲ့သွားမှာလည်းကြောက်တယ်။မဟုတ်ဘူး။ကိုယ်ချစ်တဲ့သူဆီက ချစ်တယ်ဆိုတဲ့စကားတစ်ခွန်းကို ဘယ်သူကငြီးငွေ့မလဲ။တန်ဖိုးမဲ့သွားရအောင် ရင်ထဲကလာတဲ့စစ်မှန်တဲ့ ဖွင့်ဟခြင်းမလား။ ဘာကြောင့် တန်ဖိုးမဲ့မလဲ...ဒါကြောင့်ပြောပေးပါ ငါ့အတွက် ငါ့နှလုံးသားလေးအတွက်။

*****

ရှပ်အင်္ကျီအဖြူကိုတံတောင်ဆစ်အထိခေါက်ကာအောက်ကဂျင်းဘောင်းဘီအပြာခပ်ဖျော့ဖျော့နဲ့တွဲဝတ်ပြီး အရှေ့ကမှန်ထဲမှာ တစ်ချက်ရှိုးလိုက်သည်။

'အင်း မဆိုးဘူး ဒီလောက်ဆို အဆင်ပြေတယ်'

ခေါင်းလျှော်ထားတာမို့ နဖူးရှေ့မှာဝဲကျနေတဲ့ ဆံပင်အချို့ကို ဂျယ်လ်နဲ့သေချာပုံသွင်းလိုက်သည်။ထို့နောက် ကုတင်ဘေးကစားပွဲခုံပုလေးပေါ်က နာရီကိုကောက်ဝတ်လိုက်လေသည်။ပုံမှန်အားဖြင့် သူဟာ အပြင်တစ်ခါထွက်ကာနီးတိုင်း မှန်ပေါက်ထွက်မတတ်ကြည့်ကာ သေချာကိုယ့်ကိုယ်ကိုယ် ပြင်ဆင်တတ်သူမျိုးမဟုတ်ပေမဲ့လည်း ဒီနေ့ကတော့D-dayဖြစ်တဲ့အတွက်ကြောင့် မှန်ရှေ့ကနေ တစ် ဖဝါးတောင်မရွေ့ဘဲ ပြင်ဆင်နေမိခြင်းပင်။

ဘာD-dayလဲ?

အဟဲ ကြွားတာတော့မဟုတ်ဘူးဗျ။Bossကလေဒီနေ့ကျွန်တော့်ကို နေဦးဗျ ဒီနေ့အကြောင်းလေးမပြောခင် မနေ့က အကြောင်းလေး တစ်ကျော့ပြန်မှရမယ်။အမှန်တော့မနေ့က.....။

'ခစားရံ'

ခေါ်သံကြောင့် အသားကင်၂ဖပ်ကို ပါးစပ်ထဲဝါးနေရင်းကနေ အရှေ့က မျက်နှာချင်းဆိုင်ခုံမှာ ထိုင်နေတဲ့Bossကို သူကြည့်လိုက်မိသည်။

'ဟို ငါလေမင်းကို ဟို'

လူကိုကြည့်နေရင်းကနေ ခေါင်းငုံ့သွားရင်း တုံ့ဆိုင်းနေပုံရတဲ့ Bossကြောင့်

'ကျွန်တော့်ကို ဘာပြောစရာရှိလို့လဲBoss ဟို Bossပြောစရာရှိရင် ပြောပါ'

Bossဟာ သူ့ကိုတစ်ဖန် ပြန်ကြည့်လာပြန်သည်။

'ဘာမှမဟုတ်တော့ဘူး စားစရာရှိတာ စားရအောင်'

My First Love is💛Where stories live. Discover now