My First Love is💛33

18.7K 1.1K 124
                                    

'ညီလေး!'

'အချဉ်ရည်တစ်ခွက်လောက်ထပ်ပေး ငရုတ်သီးစိမ်းတွေမထည့်ခဲ့နဲ့နော်'

Waiterကောင်လေးကခေါင်းငြိမ့်ပြရင်းထွက်သွားတော့မှ တူလေးကိုင်ကာလူကိုအကြောင်သားလေးနဲ့ကြည့်နေတဲ့ ရှေ့ကအကောင်ပေါက်လေးကိုကြည့် ရင်း ဘုန်းကြွယ်ဌေးတစ်ချက်ပြုံးလိုက်မိသည်။

'စားလေ ရော့'

အသားကင်၂ဖပ်ကို ပန်းကန်ထဲထည့်ပေးလိုက်တဲ့အခါ ခွေးပေါက်လေးက မျက်လုံးအပြူးသားနဲ့ လူကိုကြည့်လာလေတာကြောင့် သူရယ်လိုက်မိပြန်သည်။

'Bossနဲ့ခစားလေးနဲ့က အတော်ခင်ပုံပဲနော်'

၂ယောက်စလုံးကိုလက်ညှိုးနဲ့ညွှန်ပြရင်းပြောလာတဲ့ ခစားရံရဲ့လုပ်ဖော်ကိုင်ဖက်တစ်ယောက်ကြောင့်။

'အင်း ကျွန်တော်တို့က အရမ်းရင်းနှီးတာလေ ဟုတ်တယ်မလားရံရံ'

'ရံရံ!အာ ရံရံလို့ခေါ်တာလား'

သူပြုံးလိုက်ရင်း အရှေ့ကကောင်လေးကိုကြည့်မိတော့ လူကိုမျက်လုံးပြူးပြကာ မသိမသာ ခေါင်းခါပြနေလေရဲ့။

'ခစားလေးက Bossနဲ့အဲ့လောက်ရင်းနှီးမယ်မှန်း မထင်ထားဘူး'

'အာ ဟို ကျွန်တော်တို့က တိုက်ခန်းချင်းလည်းနီးတော့ အဲ့ဒါကြောင့်ပါ'

မလုံမလဲနဲ့ ခစားရံ စကားဖြတ်ကာ ပြန်ဖြေလိုက်မိသည်။

'အစ်ကို ဒီမှာအချဉ်ရည်'

'ဪ အေး ပေး'

Waiterကောင်လေးဆီက အချဉ်ရည်ခွက်ကိုယူကာ ထိုင်နေတဲ့ခုံကနေ အနည်းငယ်ကြွကာ ခစားရံအရှေ့က အချဉ်ရည်ခွက်ကို ထိုခွက်နဲ့လဲပေးလာတဲ့အခါ ငါးစာချလိုက်တာနဲ့ ငါးတွေဝိုင်းအုံလာသလို အကုန်လုံးရဲ့အကြည့်တွေက မဖိတ်ခေါ်ဘဲနဲ့ ဆိုက်ဆိုက်မြိုက်မြိုက်ကို သူတို့ဆီသို့ ရောက်လာလေသည်။

'ငရုတ်သီးပါလို့ အချဉ်ရည်စားချင်တာ စားမရဖြစ်နေတာမလား ဒါပေမဲ့ အချဉ်ရည်တွေနည်းနည်းပဲစားရမယ်နော်ရံ'

ခစားရံနှုတ်ခမ်း၂ခုကို တင်းတင်းစေ့ကာ မအီမလည်လေးပြုံးပြရင်း ခေါင်းငြိမ့်လိုက်လေသည်။

My First Love is💛Dove le storie prendono vita. Scoprilo ora