Happy Birthday to my🧡(extra-1)

21K 1.1K 151
                                    

'ကိုကို'

'ဟင်'

'ကိုကိုလို့ဗျာ'

'ဟော ပြောလို့ကလေးရဲ့'

'ကိုကိုကျွန်တော်ဒေါသထွက်ချင်လာပြီနော် အဲ့MissတွေကိုVoteပေးတာက ပိုအရေးကြီးနေတယ်ပေါ့ဟုတ်လား'

'ကလေးကလည်း ဒါက ကိုယ့်တိုင်းပြည်အတွက် ကိုယ်Voteပေးသင့်တာပေါ့ နိုင်ငံကြီးသား ပီသရမယ်လေ'

'အာ နိုင်ငံကြီးသားအရမ်းပီသချင်နေတယ်ပေါ့ ဒါပေါ့ နိုင်ငံကြီးသားပီသရမှာပေါ့ ကိုကိုက အလုပ်ကြီးအကိုင်ကြီးလုပ်နေတာဆိုတော့ ကျွန်တော်လည်း ဒီတိုင်းနေလို့ ဘယ်ဖြစ်ပါ့မလဲ'

အဲ့အလှပဂေးတွေကိုတွေ့တော့ နှာခေါင်းမီးတောက်နေတာများ ဘေးကလူတောင်ညှော်နံ့ရနေပြီ။

'ကျွန်တော့်ကိုသွားခွင့်ပြုပါဦး ကျွန်တော်ကဝန်ထမ်းမို့လို့ ဝန်ထမ်းကောင်းပီသရမှာဖြစ်တဲ့အတွက် အလုပ်သွားလုပ်လိုက်ပါဦးမယ် Bossကတော့ နိုင်ငံကြီးသားဆက်ပီသလိုက်ပါဦးနော်'

မဲ့ကာရွဲ့ကာပြောပြီး ထိုင်ရာကနေ ထလိုက်သော်ငြား ခေါင်းတစ်ချက်သာငြိမ့်ပြပြီးအကြည့်တွေကအဲ့မှာပဲကျောက်ချဆဲကျောက်ချမြဲ။ဟင့်ကိုကို ကျွန်တော် ဆောင့်ကန်ချင်လာပါပြီနော်။

'နှာဘူးကြီး တော်ပြီဟာ မခေါ်တော့ဘူး စကားလာမပြောနဲ့တော့'

အားရပါးရအော်ကာ အခန်းတံခါးကို စောင့်ကာပိတ်ရင်း ဌာနကိုသာပြန်လာလိုက်တော့သည်။

'ခစားရံရေ Hap'

'ရပ်!'

ဂျာကြီးခမျာ Happy Birthdayလေးပြောဖို့မပြောနဲ့ Happyလေးတောင် ဆုံးအောင်မပြောရဘဲ ပါးစပ်လေးဟကာ လမ်းတစ်ဝက်မှာတင် တန်းလန်းလေးဖြစ်နေရတဲ့အဖြစ်။

'So Sorryဂျာကြီး'

'ခစားလေးရယ် အလန့်တကြားနဲ့ထအော်ရလား ဒီမှာ ဂျာကြီးမေးကြောတင်သွားပြီလားမသိဘူး'

'ဗျာ!!!ဂျာ ဂျာကြီး ပါးစပ်စိလို့ မရတော့ဘူးလား'

တောက်စ် ကိုကို!ကိုကို!ကိုကို့အပြစ်တွေကတော့ များနေပါပြီနော်!

My First Love is💛Where stories live. Discover now