My First Love is💛25

14.9K 1.3K 39
                                    

'မင်းအဲ့ဒါဘာတွေလုပ်နေတာလဲသားကြီး မေမေမင်းကိုယုံကြည်ထားသမျှ အခုဘာတွေလဲ'

ဘုန်းကြွယ်ဌေး သက်ပြင်းသဲ့သဲ့ကိုချလိုက်ရင်း အရှေ့မှာထိုင်နေတဲ့ အမေဖြစ်သူကို ကြည့်လိုက်လေသည်။

'မေမေ့ယုံကြည်မှုတွေကိုဖောက်ဖျက်မိခဲ့ရင် သားတောင်းပန်ပါတယ်မေမေ ဒါပေမဲ့ သားသူ့ကိုချစ်တယ် သားအတွက် သူမရှိလို့မဖြစ်ဘူးမေမေ'

'ဘာ!'

ဒေါ်ခက်ခက်နွယ်တစ်ယောက် သားဖြစ်သူရဲ့စကားကြောင့် သွေးပင်တိုးမတတ်ဖြစ်သွားရသည်။သူအများကြီးမျှော်လင့်ထားရတဲ့ သူ့ရဲ့လိမ္မာတဲ့သားက အခု ယောက်ျားတစ်ယောက်ကိုချစ်ကြိုက်နေကြောင်း သူ့ကိုဝန်ခံနေပါရောလား။

'နင် နင်ငါ့ကို ဘာစကားတွေပြောနေတာလဲ ဟမ် ငါနင့်ကို ပိုးမွေးသလိုမွေးလာတာ ဒီလိုယောက်ျားတစ်ယောက်နဲ့ ဖြစ်ချင်တိုင်းဖြစ်နေဖို့မဟုတ်ဘူး ဘုန်းကြွယ်ဌေးရဲ့ နင်မိုက်လှချည်လား ငါမှားတာပါ ဒီကCompanyကိုမလွှတ်ခဲ့သင့်တာ အခုတော့ မဟုတ်ကဟုတ်ကတွေက ငါ့သားကို'

'မဟုတ်ဘူး မေမေ'

ဘုန်းကြွယ်ဌေးအတန်ငယ်အော်ပြောလိုက်မိသည်။

'သူ့ကိုအဲ့လိုမပြောပါနဲ့ ကျွန်တော်တောင်းပန်တယ် မေမေတို့မကြိုက်မှန်းသိပေမယ့် ကျွန်တော်လုပ်မိလို့မှားတယ်ဟုတ်တယ် ဒါပေမဲ့ ကျွန်တော် ချစ်တဲ့သူနဲ့ ကျွန်တော်လက်တွဲတာ ကျွန်တော်ဘာမှားလို့လဲမေမေ'

'ဘုန်းကြွယ်ဌေး!နင်အခုချက်ချင်း နင့်ပါးစပ်ကိုပိတ်ထားစမ်း ဟိုကောင်က နင့်ကိုဘာတွေမြှူဆွယ်လိုက်လို့ နင်ကဒီလောက်တောင်ဖြစ်နေရတာလဲ ဟမ်'

'မေမေ!'

သူထိုင်နေရာကနေ မတ်တပ်ရပ်လိုက်ရင်း အမေ့စကားကိုဖြတ်အော်လိုက်မိသည်။ တစ်ခါမှဒီလိုအပြုအမူမျိုးမလုပ်ခဲ့ဖူးပေမဲ့ အခုမေမေပြောနေတာတွေက အရမ်းလွန်နေလေပြီ။

'ကျွန်တော်ဘယ်လိုပြောပြရမလဲ သူကအဲ့လိုလူမျိုးမဟုတ်ဘူး သူကအရမ်းဖြူစင်တဲ့သူပါမေမေ သူ့ကိုအဲ့လိုမျိုးစကားနဲ့တောင် မစွပ်စွဲပါနဲ့ မေမေမကျေနပ်ရင် ကျွန်တော့်ကိုကြိုက်သလိုပြော ရိုက် ကျွန်တော်ခံမယ် ဘာမှမသိတဲ့ သူ့ကိုတော့ မေမေအထင်နဲ့ အဆင့်အတန်းမနှိမ့်ချပါနဲ့'

My First Love is💛Where stories live. Discover now