My First Love is💛7_2

23.1K 1.7K 37
                                    

'Bossဒီကိုဘာလို့'

Privateဆေးရုံတစ်ခုမှာ ကားရပ်လိုက်တဲ့Bossကြောင့် သူ Bossကိုကြည့်ကာမေးလိုက်မိသည်။

'ဟင် အကြောင်းရှိလို့'

ဆေးရုံမှာအကြောင်းရှိလို့။အကြောင်သားနဲ့ ကားပေါ်ကဆင်းသွားတဲ့Bossနောက်ကိုအမြန်လိုက်ရပြန်သည်။ဆေးရုံခန်းတံခါးကိုဖွင့်လိုက်တာနဲ့ ကုတင်ပေါ်မှာထိုင်နေတဲ့အဘွားတစ်ယောက်။ထိုအဘွားက သူတို့၂ယောက်ကိုကြည့်နေရင်းကနေ တဖြည်းဖြည်းပြုံးပြလာလေသည်။

'ဘွား'

ဘွား!ဒါဆိုဒီအဘွားက Bossရဲ့အဘွားလား။

ခေါ်သံနဲ့အတူ အဘွားကိုပြေးဖက်နေတဲ့Bossကို သူအထူးအဆန်းသဖွယ်ကြည့်နေမိသည်။ပြုံးရယ်ကာအဘွားကိုဖက်ထားတဲ့Bossပုံစံကကလေးလေးလိုပဲ။ဘာလို့ ဒီလိုခန့်ချောချောနေတဲ့Bossမှာ ကလေးတစ်ယောက်လိုဖြူစင်စွာ ချစ်ဖို့ကောင်းတဲ့အပြုံးမျိုးရှိနေရပြန်ပါလိမ့်။

'သားကဘွားကို သတိတွေရနေတာ'

'အပိုတွေ ကျွန်မကို ပစ်ထားပြီးတော့'

'ဟာ ပစ်ထားစရာလား အချစ်တုံးကြီးကို သားအလုပ်တွေများနေလို့ပါ'

ခစားရံတစ်ယောက်အပေါက်ဝလေးမှာမတ်တပ်လေးရပ်ရင်း ထိုမြင်ကွင်းကိုကြည့်နေမိသည်။Bossကဒီလိုမျိုးလည်းချွဲတတ်သေးတာပဲလား။

အိ!!!Bossကအရမ်းချစ်ဖို့ကောင်းတာပဲ။

'ခစားရံ ခစားရံ'

'ဗျာ ဗျာBoss'

'တစ်ယောက်တည်းဘာတွေတွေးပြီးဖြီးနေရပြန်တာတုန်း'

'ဗျာ ဟီး ဘာမှမဟုတ်ပါဘူးBoss'

သူ့ရဲ့ချစ်ဖို့ကောင်းခြင်းတွေကိုအသည်းယားစွာတွေးနေမိတယ်ဆိုတာပြောပြလိုက်လို့မှမဖြစ်ဘဲ။

'လာအဘွားနဲ့မိတ်ဆက်ပေးမယ်'

'ဟုတ်'

ခေါင်းလေးငြိမ့်ကာပြန်ဖြေရင်းအဘွားကိုကြည့်လိုက်မိတော့သူ့ကိုရုပ်တည်ကြီးနဲ့ကြည့်နေတာမို့ ယောင်ယမ်းကာတံတွေးပင်မြိုချလိုက်မိသည်။

Bossအဘွားက Bossအတိုင်းပဲ။

'ဘွား ဒါခစားရံတဲ့ သားတို့CompanyကDesigner'

My First Love is💛Where stories live. Discover now